21

300 36 6
                                    

ထိုနေ့ကစလို့ ဂျေးရဲ့ စိတ်ဟာ ပုံမှန်ဟုတ်မနေခဲ့တော့ပေ။ သနားစရာ ကောင်းတဲ့ဂျေးဟာ အချိန်ပြည့် အခန်းထဲတွင် ဆောင်းဟွန်း ဝတ်ခဲ့တဲ့ jacket လေးကို ပိုက်ပြီး ပင်ကွင်းရုပ်လေးကို ဘေးထားကာ အမြဲစကား ပြောနေတတ်သည်။

အရက်တွေကိုလဲ အရင်ကထက် ပိုသောက်သလို ၊ ဆေးလိပ်ဟာလဲ ဂျေးရဲ့ ကိုယ်သင်းရနံ့လို ခန္ဓာတွင် ကပ်တွယ် နေတတ်သည်။

တစ်ခါတစ်လေ ဂျေးရဲ့အခန်းထဲ jazz music ဟာ ပျံ့နှံ့နေတတ်ပြီး ဂျေးဟာ ဆောင်းဟွန်း ရှိသည်ဆိုသည့် အမြင်ဖြင့် ကနေတတ်သည်။

အယ်ဗန် ၊ နီခီ ၊ ဂျိတ်ခ်နဲ့ ဆောနူတို့ကတော့ အခုလို အချစ်ရူး ရူးနေတဲ့ ဂျေးကိုဘယ်လို လုပ်ရမလဲ မသိတော့ပေ။

" ဂျေး ပင်ကွင်းရုပ်လေးကို ခနလွှတ်လိုက်ပါ "

ဆရာဝန်ဟာ ‌အပတ်တိုင်း ဂျေးရဲ့ စိတ်ကျန်းမာရေးကို လာရောက်စစ်ဆေးလေ့ ရှိပြီး လိုအပ်တဲ့ ဆေးတို့ကိုလဲ ပြင်ဆင်ပေးသည်။

ဂျေးဟာ ဆရာဝန်ရဲ့ 'ပင်ကွင်းအရုပ်' ဆိုတဲ့စကားကြောင့် အကြည့်စူးစူးတစ်ချက် ပို့ကာ ပင်ကွင်း အရုပ်လေးအား တင်းကြပ်စွာ ဖက်ထားလိုက်၏။

" ဒါက သည်းငယ်ဗျ! "

" ဒါဆိုလဲ သည်းငယ်ကို ခနလွှတ်လိုက်ပါ "

ဂျေးက ခေါင်းမာစွာ ခေါင်းခါသည်။

" ဂျေး လွှတ်လိုက်ပါကွာ "

" မလွှတ်ဘူး! တော်ကြာ ငါ့အနားက ထွက်သွားရင် ဘယ်လိုလုပ်မလဲ "

ပြောရင်းဆိုရင်း ဂျေးဟာ လက်ထဲက အရုပ်လေးအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်လိုက်၏။

" ငါတို့ခေါ်ထားပေးပါ့မယ် ကွာ "

ထိုအခါ ဂျေးဟာ မထည့်ပေးချင်ဟန်ဖြင့် အယ်ဗန့် လက်ထဲအား အရုပ်လေးကို လက်နှစ်ဖက်ဖြင့် ထည့်လိုက်သည်။
မထည့်ခင်လဲ ဘယ်မှမသွားနဲ့နော် ခနနေ ပြန်ခေါ်မယ် သည်းငယ် ဟုလည်း တစ်တွတ်တွတ် ပြောနေသည်။

ဂျေးကို ကြည့်ပြီး သနားလေလေ ဦးနှောက်က သူတို့ကို ဆောင်းဟွန်းကို အမြန်ပြန်ခေါ်ဖို့ တိုက်တွန်း လေလေပေ။ သို့သော် သူတို့မှာ ဆောင်းဟွန်း ဟျောင်းနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှမသိရတဲ့အတွက် အခုချိန်မှာ ဝင်္ကပါထဲ ဟိုပြေး ဒီပြေးနဲ့ ထွက်ပေါက်ရှာနေရသလိုမျိုးပေ။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now