17

168 24 0
                                    

အချစ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် Paris မြို့ပေါ်သို့ သူတို့ပြန်ရောက်လာခဲ့ကြသည်။ မပင်ပန်းဘူး ဆိုရင် လိမ်ရာကျ‌မှာပေါ့ ၊ မနက်စောစောထဲက ထပြီး Montmartre တွင် လျှောက်လည်ခဲ့ပြီး Paris ကို ပြန်တက်လာရသည်မှာ အတော့်ကို ပင်ပန်းလွန်းသည်။

သို့သော် ဘေးနားတွင် အချစ်ရှိတယ် မဟုတ်လား။ ပင်ပန်းနွမ်းနွယ်မှုသည် ဘေးနားက အချစ်ရှိနေသည်မို့ သေးသေးလေးတောင် မခံစားရပေ။

Eiffel tower မှ မြင်ရသည့် Paris မြို့၏ ညအလှသည် မည်သို့ ပြည့်စုံမှန်း မသိ ပြည့်စုံနေ၏ ၊ မီးရောင်စုံစုံဖြင့် လှပနေတဲ့ မြို့ကြီးရယ် မြို့ရဲ့ ကားလမ်းတွေပေါ်မှာ ပြေးလွှားနေတဲ့ ကားအချို့တွေရယ်နဲ့ တိုက်ခတ်နေတဲ့ လေပြေတွေ။

ဆောင်းဟွန်းကတော့ လက်ရမ်းပေါ် လက်တင်ရင်း ကိုယ်အား အနည်းငယ်ကော့ထားကာ လေပြေတို့အား မျက်နှာနုနုကို တိုးဝင်ခွင့်ပေးသည်။ မျက်လွှာများချထားတဲ့ ဆောင်းဟွန်း၏ side profile သည် မင်းသားလေး တစ်ပါးကဲ့သို့ပင် မွန်မြတ်ခြင်း ၊ ချောမောခြင်း ၊ တင့်တယ်ခြင်းတို့ဖြင့် ပြည့်စုံနေသည်။

ဂျေးကတော့ ထိုလှပလွန်းတဲ့ ကောင်လေးရဲ့ အလှကို ဖုန်းဖြင့် မှတ်တမ်းတင်ရင်းသာ အလုပ်ရှုပ်နေ၏။
ရိုက်လိုက်သော ပုံ 15 ပုံလောက်ထဲတွင် ကြည့်မကောင်းသည့် ပုံဟူ၍ မရှိ ၊ မီးရောင် ဝါညစ်ညစ်အောက်တွင် လှပနေစမြဲပင်။

ဘုရားရေ .. ။ ဘယ်ဘဝက ကုသိုလ်ကံတွေပါလိမ့်။

" Ceci est pour vous. "
( This is for you )

ဆောင်းဟွန်း၏ ဘောင်းဘီစအား လာဆွဲသော ကလေးလေးသည် အလွန်ဆုံးရှိ သုံးနှစ်သား အရွယ်ပင် ဖြစ်နိုင်သည်။ ပြင်သစ် မျက်နှာပေါက်နဲ့ ထိုကောင်လေးသည် အသားဖြူစွတ်စွတ်နှင့်အတူ မျက်ဝန်းအပြာတို့အား ပိုင်ဆိုင်ထားသည်။

လက်ထဲတွင်ကိုင်လာသော lollipop လေးအား ဆောင်းဟွန်းဆီ လာပေး၍ ရှေ့သွားလေး နှစ်ချောင်း ပေါ်သည်အထိ ပြုံးပြသည်။

" Where's your parents? "

ဆောင်းဟွန်း ထိုကလေးလေးရှေ့အား ဒူးတစ်ဖက် ထောက်လိုက်ကာ မေးတော့ ကလေးဟာ အနောက်သို့ လှည့်ကြည့်၏ ၊ ခပ်လှမ်းလှမ်းမှ ပြေးလာသော ပြင်သစ် အမျိုးသမီးတစ်ယောက်သည် သူမ၏ သားပေါ် မည်မျှပင် စိုးရိမ်နေကြောင်း ဖော်ပြနေ၏။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now