18

327 36 2
                                    

ပြင်သစ်နိုင်ငံမှ ပျံသန်းလာသော လေယာဉ်၏ business class တွင်တော့ fan တွေအား ပလစ်ကာ ရည်းစားနဲ့ ခရီးထွက်ပြီး ပြန်လာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ ချစ်သူကောင်လေးတို့ စီးနင်းလိုက်ပါလာလေရဲ့။

လေထုသည် လေယာဉ်၏ ကိုယ်ထည်ပိုင်း တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိနေ၏။ လေယာဉ်မောင် / မယ်‌များ၏ လှည်းများတွန်းကာ ဘာလိုအပ်သလဲ မေးနေကြပြီး အချို့ကတော့ ဘယ်နှစ်ဘဝလောက်က မအိပ်ရသေးမှန်းမသိအောင် အိပ်နေကြတဲ့လူတွေနဲ့ အလုပ်အသဲအသန် လုပ်နေတဲ့ လူတွေနဲ့ ပြည့်နှံ့လျက်ရှိ၏။

ဂျေးလဲ ထိုလူတွေထဲကတစ်‌ယောက်ဖြစ်ကာ laptop ထဲ ခေါင်းဝင်မတတ် အလုပ်လုပ်နေပြီး ဆောင်းဟွန်းကတော့ ရုပ်ရှင် ထိုင်ကြည့်နေ၏။

အခုတလော English movie တွေ ဓာတ်ကျနေဟန်ရတဲ့ ဆောင်းဟွန်းဟာ အသွားတုန်းကရော ဟိုတယ်မှာတုန်းကပါ English movie နဲ့ နှစ်ပါးသွားလေသည်။

နောက်ဆုံးတွင်တော့ လေယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ ဆိုက်ရောက်လာခဲ့လေသည်။ အံ့ဩစရာ ကောင်းတာက တောင်ကိုရီးယား တစ်နိုင်ငံလုံး သူတို့နှစ်ယောက်အား လာရောက် ကြိုဆိုသည်လားဟု ထင်မှတ်ရအောင်အထိ များပြားလှသည်။

တစ်ဖျက်ဖျက်လတ်နေတဲ့ camera မီးရောင်တို့နှင့် သူတို့နှစ်‌ယောက်၏ ပုံရိပ်အား အသဲအသန် မှတ်တမ်းတင်နေကြတဲ့ လူတွေလဲ ရှိသည်။

ကားထဲဝင်တဲ့အထိ လိုက်လံ မှတ်တမ်းတင်နေကြတဲ့ media များနှင့် ပရိတ်သတ်များတို့၏ အော်သံတို့အတူ လေဆိပ်အတွင်း ပြည့်နှံ့နေလေ၏။

" Shit! ဂျေး! အဲ့လောက်တောင်လား နာမည်ကြီးတစ်ယောက် ဖြစ်ရတာလေ!? "

လူစုလူဝေးတွေ သိပ်ကြောက်တဲ့ ဆောင်းဟွန်းဟာ ဆူညံနေသော လူအုပ်နှင့်အတူ အနားသို့ ဝင်ကာ အမိအရ ဓာတ်ပုံရိုက်နေသော လူငယ်တွေကို တွန်းထုတ်နေတဲ့ bodyguard တို့ကြောင့် လန့်နေဟန် ရှိပြီး ရင်ဘတ်ကိုလဲ လက်ဖြင့် ဖိထားသေးသည်။

" သည်းငယ် လန့်သွားတာလား လာလာ ကိုယ့်ဆီလာ "

လက်နှစ်ဖက်အား ဆန့်တန်းကာ ခေါ်‌တော့ သုံးနှစ်သားလေးလို ချစ်ဖို့ကောင်းတဲ့ ဆောင်းဟွန်းဟာ ဂျေးရင်ခွင်ထဲ တိုးဝင်၏။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now