16

218 28 4
                                    

တိုးဝှေ့နေတဲ့ ခပ်အေးအေး လေတို့ထဲတွင် ‌မိုးရာသီ၏ အငွေ့အသက်တို့ဟာ ရောယှက်ပါဝင်လို့နေသည်။ အုံ့မှိုင်းမှိုင်းရာသီဥတု ကြောင့် တိမ်ဆိုင်တို့ဟာလဲ မဲမှောင်လျက်ရှိနေ၏ ၊ မကြာခင် မြေပြင်သို့ လာရောက်ခစားတော့မဲ့ မိုးစက်တို့ဟာလဲ ကောင်းကင်ထက် အသင့်ပြင်ဆင်နေသည့် သယောင်ရှိ၏။

မြစ်ရေပြင်ဟာလဲ တည်ငြိမ်သည်တော့ မဟုတ် ၊ ကောင်းကင်မှောင်မှောင်၏ အရိပ်ကြောင့် မဲမှောင်လျက် ရှိနေသည်။ လေညှင်းတို့ဟာလဲ ပြင်းထန်လျက် ရှိနေသည် ၊ ထိုအချိန်တွင် ထီးမယူလာမိခဲ့တဲ့ သူတို့နှစ်ယောက်အတွက်တော့ ခက်ခဲသည်ထက်ကို ပိုလွန်းသည်။ K drama တွေထဲကလို coat လေးချွတ် အတူတူဆောင်းရင်း ထွက်ပြေးရအောင်လဲ ဘာ coat မှမပါလာခဲ့ပေ။

အော် ..။

ဆိုးလိုက်တဲ့ ဘဝ။

တကယ့်ကို wrong timing ပဲ။

" ဂျေး ကျွန်တော်တို့တော့ မှားပြီထင်တယ် မိုးရွာရင် ဘယ်လိုပြန်ကြမလဲ "

" ဒီနားနဲ့ ဟိုတယ်နဲ့ နီးတယ်လေ ပြေးကြတာပေါ့ "

" ဖျားရင် ခများတာဝန်ယူနော် "

ဆူပုတ်ပုတ်ပြောနေတဲ့ ဆောင်းဟွန်းဟာ ပင်ကွင်းလေးလိုလို။

" ဖျားရင် သည်းငယ်ကိုယ်ထဲက အဖျားတွေကို ဟောဒီ့က နှုတ်ခမ်းလေးကနေ စုပ်ယူပြီး အဖျားတွေကို ဖယ်ထုတ်ပေးမှာပေါ့ "

ဆောင်းဟွန်း၏ နှုတ်ခမ်းနုနုထက် ကျရောက်လာတဲ့ ဂျေးရဲ့ လက်ညိုးသွယ်သွယ်ဟာ လှပလျက်ရှိပြီး တင့်တယ်နေလေသည်။
ဆောင်းဟွန်း ရဲ့ နှုတ်ခမ်းထောင့်လေးတွေဟာ တွန့်ကွေးတက်လာပြီး မထိန်းနိုင်တဲ့အထိ ပြုံးရယ်မိလေသည်။

" ဖျားပဲ ဖျားလိုက်ရင် ကောင်းမလား "

" ရော..! မကောင်းဘူး ပျော်စရာတွေ ဖန်တီးကြမယ် ဖျားလို့မရဘူးနော်! "

" ကောင်းပါပြီ ခများရယ် "

တိုးဝှေ့နေတဲ့လေအေးတို့အား လစ်လျူရှု့ကာ သူတို့ ထိုမြစ်ဘေးတွင်သာ ရပ်နေမိသည်မှာ မိနစ်အနည်းငယ် ကြာလင့်ခဲ့လေပြီ။
ထို့ကြောင့် မြစ်နဘေးက ကျောက်ဘောင်တွင် ထိုင်ကာ ခြေထောက်တို့အား ထိစပ်တော့မည့် ရေထဲသို့ ချထားလိုက်၏။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now