23

196 34 9
                                    

ဂျေးရဲ့ ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာ၍ ဆေးရုံက ဆင်းရသည်မှာ ယခုဆို 3လ တောင် ရှိခဲ့ပြီ အရာရာတိုင်းဟာ အဆင်ပြေခဲ့လေသည် ထုံးစံအတိုင်း အပြုံးချိုချိုလေးအား ဆင်မြန်းကာ အနုပညာအလုပ်နဲ့ ဟိုတယ်အလုပ်ကို ဆက်လက်လုပ်ကိုင်နေ၏။

တစ်ခါတစ်လေ 'ဂျေး' ဟုသော အသံချိုချိုကြားချင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို အယောင်ယောင်အမှားမှားကြားရတာက လွဲလို့ အားလုံးအဆင်ပြေခဲ့ပါတယ်။

ယခုတွင်လဲ ဂျေး Vogue Korea magazine အတွက် shooting ရောက်နေတာဖြစ်သည် အရင်တုန်းက တစ်ဦးတည်းသော ဆောင်းဟွန်းသာ သူ့ရဲ့ အတွင်းရေးမှူးဖြစ်ခဲ့ပင်မဲ့ ယခုတွင်တော့ ထိုနေရာတွင် ဆောင်းဟွန်းအစား အတွင်းရေးမှူ ကောင်မလေးတစ်ယောက် အစားထိုးရ၏။

ကင်မရာမီးတို့ တစ်ချက်လတ်သွားတိုင်း ခပ်မိုက်မိုက် ပုံတို့ဟာ ထွက်လာစမြဲပင်။

ဂျေးဟာ အခု ဆံပင်အရှည်နဲ့ပင် mullet ကိုမှ အနည်းငယ်ရိတ်ထား သေးသည်။ အနည်းငယ်သာ မညှပ်ထားရင် သေချာပေါက် ponytail တောင် စည်းလို့ရလောက်သည်။

အသေလန်းသည့် ရူပါကြောင့် cornie လေးတွေ၏ နှလုံးသားတွေ လှုပ်ခါစေရန် model
Jay Park ဟာ ပြန်လည်ရောက်ရှိလို့ လာပြီလေ။

ဒီကြားထဲ photo shoot အချို့နဲ့ ဟိုတယ်လုပ်ငန်းတွေကိုသာ အာရုံစိုက်ခဲ့တာကြောင့် runway ထက် ဂျေးအား မည်သူမှမမြင်ရသေးပေ။
Comeback လဲဖြစ်ပြီး အကြာကြီးနေမှ စလျှောက်ဖြစ်သည့် runway ဖြစ်တာကြောင့် အနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။

" နားလို့ရပါပြီ ဂျေးရှီး "

" ဟုတ်ကဲ့ပါဗျ "

အတန်ကြာအောင် ရိုက်ခဲ့ရသည့် photo shoot သည်ပင်ပန်းရသည်နှင့် တန်အောင် results လှလှလေး ထွက်လာပါစေဟု ဆုတောင်းမိသည်။

မိတ်ကပ်ဖျက်ရန် အခန်းထဲသို့ အရောက်ဖုန်းအား ကောက်ကိုင်လိုက်ချိန် wallpaper ၌နေရာ ယူနေသော တစ်စုံတစ်ယောက်ကြောင့် ဂျေး ပြုံးမိသည် ၊ ပင်ပန်းမှုတွေဟာ စောင်ထဲ နစ်ဝင်ကာ ချစ်စဖွယ်အိပ်ပျော်နေသော ဆောင်းဟွန်းကြောင့် ပင်ပန်းမှုတွေဟာ တစ်ဝက် ပြေလျော့သွား‌လေသည်။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now