Extra...

2.3K 380 252
                                    

Warning : Final ကိုသဘောကျပြီးလက်ခံနိုင်တဲ့သူက Extraကိုမဖတ်ပါနဲ့နော် ။ အမြင်ချင်းမတူခဲ့ရင် လက်မခံနိုင်ဘဲဖြစ်မှာစိုးလို့ပါ ။

#Unicode

နှစ်အနည်းငယ်ကြာပြီးနောက် >>

"အရာရှိJeonကတော့ တကယ့်ကိုပြိုင်ဘက်ကင်းပါပဲဗျာ ။ ဒီလောက်တော်ပြီး ထူးချွန်နေတာကို ချစ်သူမရှိသေးဘူးလားဗျ"

ရဲအငယ်လေး၏အမေးကြောင့် ပြုံးတယ်ဆိုရုံလေးပြုံးလိုက်သည် ။

"အလုပ်ကလွဲရင် ဘာကိုမှစိတ်မဝင်စားပါဘူး။ငါ့အတွက် တာဝန်ကျေပွန်ဖို့က နံပါတ်တစ်ဦးစားပေးပဲ"

ရဲအရာရှိJeonဆိုတာ အဲ့သည်လိုမျိုး။
အလုပ်ကိုသာချစ်သည် ၊ အလုပ်ကိုသာတန်ဖိုးထားသည် ။အလုပ်ကလွဲရင် ဘာကိုမှစိတ်ဝင်စားတာမဟုတ် ။

"ဒီအတိုင်းသာဆိုရင် ငါတို့ဆရာကတော့ လူပျိုကြီးဖြစ်တော့မယ်ထင်တယ်"

"အဲ့တာမကောင်းဘူးလား ... ဘာအပူအပင်မှမရှိတော့တာပေါ့"

-
-
-
-

"ဒီဘဝပြီးတာနဲ့ စစ်နတ်ဘုရားက ကောင်းကင်ဘုံကိုပြန်လာလို့ရပြီလေ... လူအဖြစ်မဝင်စားတော့ဘဲ မြင့်မြတ်တဲ့နတ်ဘုရားအဖြစ်ရှင်သန်ရတော့မှာ"

"သေချာတာပေါ့ ။ အဲ့တာကြောင့် ပြန်လည်မွေးဖွားလာတဲ့ စစ်နတ်ဘုရားကအချစ်မရှိတော့တာ"

နတ်သမီးနှစ်ယောက်သည် တိုးတိတ်စွာနှင့် စစ်နတ်ဘုရားအကြောင်းကိုပြောနေကြသည်။ အားလုံးအတွက် စစ်နတ်ဘုရား၏အချစ်ရေးဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းနေသည်လေ ။

"ဒါဆိုရင် စစ်နတ်ဘုရားနဲ့ ကြာပန်းသခင်လေးက ပြန်လည်ဆုံစည်းဖို့မဖြစ်နိုင်တော့ဘူးပေါ့နော်"

"အို.. မသိသေးဘူးလား ။ နတ်ရေကန်မှာ ကြာပန်းသခင်လေးရဲ့ နာမ်ဝိညာဥ်ကိုအသုံးပြုပြီး စိုက်ပျိုးထားတဲ့ကြာပန်းလေးရှိနေတယ်လေ"

"အဲ့ဒီအကြောင်းကို ကျွန်မ မသိသေးပါလား... ပြောပါအုံး နတ်သမီး"

စစ်နတ်ဘုရား ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ရှုပ်ထွေးသည့်အချစ်ဇာတ်လမ်းလေးသည် ပြောစမှတ်ပြုရလောက်သည့် ပုံပြင်လေးတစ်ပုဒ်လိုဖြစ်နေသည် ။

Always(completed)Kde žijí příběhy. Začni objevovat