Episode 3

2.7K 387 57
                                    

#Unicode

ဓားပြခေါင်းဆောင်သည် မြေများကိုတူးဆွနေပြီး Taehyung ကတော့ အပင်လေးတွေထည့်ကာ ဖုံးဖိပေးနေသည် ။
နှစ်ယောက်အတူ ဒေစီပန်းများစိုက်ပျိုးနေခြင်းဖြစ်၏ ။

"ခေါင်းဆောင်.. ပင်ပန်းနေရင် ကျွန်တော်တူးမယ်လေ"

ချွေးဒီးဒီးကျနေသည့် ခေါင်းဆောင်ကိုကြည့်၍ Taehyung အားနာလာရသည် ။
ကူညီပေးဖို့ကြိုးစားကြည့်ပေမယ့် ခေါင်းဆောင်က ခေါင်းကိုအသာရမ်းကာ ပြုံးပြသည် ။

"ကျုပ် မပင်ပန်းပါဘူး ။ ခင်ဗျားနဲ့အခုလိုအတူရှိနေရတာကို ကျုပ်ကြိုက်တယ်"

"ဒါပေမဲ့ ..."

"ကျုပ်က ဓားပြခေါင်းဆောင်ပါဗျ ... ဒီလောက်လေးကတော့ မပြောပလောက်ပါဘူး"

ဓားပြခေါင်းဆောင်က ဆက်လက်လုပ်ဆောင်နေသည်မို့ Taehyungလည်း အတွန့်တက်မနေတော့ဘဲ အပင်တွေကိုသာစိုက်ပေးနေလိုက်သည် ။

"Taehyung ... ဒေစီပန်းတွေကိုကြိုက်လား"

"ကျွန်တော်ကြိုက်ပါတယ်"

"ဒီအပင်လေးတွေကနေ ပန်းတွေပွင့်လာရင် ပထမဆုံး ပန်ဆင်တဲ့သူက Taehyung ဖြစ်ပေးနော် ။ ဒါမှလည်း ကျုပ် ပင်ပန်းရကျိုးနပ်မှာ"

Taehyung ပြုံးရုံသာပြုံးနေလိုက်သည်။ ခေါင်းဆောင်က လူကိုပြုံးရယ်အောင် ၊ အနေခက်ရအောင် စကားပြောနိုင်သည် ။
Taehyung ၏ ရင်ထဲကပင် သိမ့်ခနဲခံစားသွားရ၏ ။

"မနက်ဖြန် အိမ်ကိုလာဖို့ အမေတို့ကခေါ်ထားတယ် ။ ခက်တာက အရာရှိရဲ့နေ့ ဟုတ်မနေတာဘဲ"

ခေါင်းဆောင်က Jeon ရဲ့မိဘတွေနဲ့ တွေ့ဆုံရသည်ကို အခုထက်ထိအသားမကျသေး။တစ်ခုခုကို စိုးရိမ်နေဟန်ပေါ်သည်။

"ခေါင်းဆောင်....Jeonရဲ့မိဘတွေကလည်း ခေါင်းဆောင်ရဲ့မိဘတွေပဲလေ"

"ဒါပေမဲ့ အဖြစ်မှန်တွေကိုမသိလို့မို့လား ။ သိသာသိရင် ကျုပ်ကိုမုန်းနေကြမှာ ... ကျုပ်... ကျုပ်က သူတို့သားရဲ့ ရပိုင်ခွင့်တွေကို လုယူခဲ့တာမို့လား"

တုန်ယင်လာတဲ့ခေါင်းဆောင်ရဲ့လက်လေးကို Taehyung ဆုပ်ကိုင်လိုက်သည်။ ထိုတော့မှ ခေါင်းဆောင်က ငြိမ်သက်လို့သွားခဲ့၏ ။

Always(completed)Where stories live. Discover now