Episode 7

1.6K 288 54
                                    

#Unicode

ဟိုးအရင်ကလို လမ်းပန်းဆက်သွယ်ရေးမခက်ခဲတော့တာကြောင့် ၂ရက်တာ မရပ်မနားခရီးနှင်ပြီးသည်နှင့် ဂန်ယူကိုရောက်ရှိလာခဲ့သည် ။ ဒုက္ခပေးမယ့် ဓားပြအဖွဲ့မရှိတော့သည်မို့ ဂန်ယူရွာလေးသည်လည်း အတော်အတန် ပြန်လည်စည်ကားလာခဲ့သည်။

"Jeon...ဂန်ယူရွာကို အလည်ဝင်အုံးမလား ။ ဒါမှမဟုတ် .. တောထဲကိုပဲတန်းဝင်ကြမလား"

လိုရာခရီးကို မရောက်မည်စိုး၍ လမ်းတစ်လျှောက်လုံး မနားမနေခရီးနှင်ခဲ့ရသည်မို့ Taehyung မေးလိုက်ခြင်းဖြစ်၏ ။

"ကိုယ်တို့ တောထဲကိုပဲဝင်ကြရအောင် ။ မနက်ဖြန်ဆိုရင် ခေါင်းဆောင်ရဲ့နေ့လေ...သူ အံ့အားသင့်ဖို့ဆိုရင် ကိုယ်တို့ အမီသွားဖို့လိုတယ်မို့လား"

"အင်း ... Jeon သဘောပါပဲ"

ဤသို့ဖြင့် နှစ်ယောက်သား တောထဲကိုပဲဝင်လာခဲ့လိုက်ကြသည် ။

နေဝင်လုဆဲဆဲအချိန်တွင် တဲစခန်းများကို တွေ့လိုက်ရသည် ။ နေမည့်သူမရှိ ၊ ထိန်းသိမ်းမွမ်းမံပေးမည့်သူမရှိတာကြောင့် ဆွေးမြည့်ကာ ပျက်စီးလုဆဲဆဲဖြစ်နေသည်။
သို့ပေမဲ့ နေထိုင်လို့မရတော့အောင် ပျက်စီးနေတာမျိုးတော့မဟုတ် ။

"Jeon... အနားမယူခင် အရင်ဆုံးပြင်ဆင်ရမယ်ထင်တယ် "

"Tae ပင်ပန်းနေပြီမို့ ခဏနားလိုက်နော်... Tae အနားယူဖို့ ကိုယ်ပြင်ပေးမယ်"

Jeonက အသင့်ပါလာသည့် မီးခြစ်ကလေးနှင့် သစ်ကိုင်းများကိုစုကာ မီးဖိုပေးသည်။

"ဒီနားမှာ ထိုင်နားနော် ... ကိုယ် သန့်ရှင်းရေးလုပ်လိုက်အုံးမယ်"

"ဒါပေမဲ့ Jeonတစ်ယောက်ထဲ..."

"ကိုယ်ကရတာမို့ Tae ခဏအနားယူလိုက်နော်"

Taehyungလည်း အတော်လေး ခြေကုန်လက်ပန်းကျနေပြီမို့ မငြင်းနိုင်တော့ဘဲ ခေါင်းငြိမ့်ကာလက်ခံလိုက်သည်။
Jeonကတော့ ဓားပြခေါင်းဆောင်၏ တဲစခန်းလေးထဲသို့ ဝင်သွားလေ၏။

-
-
-

Jungkook၏ တဲစခန်းလေးသည် ဝါးများ၊ သစ်သားများဖြင့် အခိုင်အမာတည်ဆောက်ထားလေသောကြောင့် မပျက်စီး ။ ခြတက်တာမျိုးလည်းမရှိ ။ အတွင်းပိုင်းတွင် ဖုန်မှုန့်များဖြင့် ပေပွနေသော်လည်း အချိန်ခဏယူ၍ သန့်ရှင်းလိုက်ရုံဖြင့် သပ်ရပ်သွားတော့၏ ။မ ထွန်းညှိတာကြာပြီဖြစ်တဲ့ ရေနံဆီမီးခွက်လေးအား Jungkook ထွန်းညှိလိုက်သည်။အခန်းကျဥ်းလေးနှင့်အတူ အတိတ်ကအမှတ်တရများကိုပါ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသယောင် ။ မျက်ရည်တွေကြားကနေ Jungkook ပြုံးလိုက်မိသေး၏ ။

Always(completed)Where stories live. Discover now