Episode 6

1.8K 305 91
                                    

#Unicode

ဒေစီပင်လေးများကို ရေလောင်းနေသည့် ခေါင်းဆောင်Jeon၏ ကျောပြင်လေးသည် အထီးကျန်နေသယောင် ။
အရင်ကဆိုရင် သမီးလေးနှင့် ဆော့ကစားကာ အမြဲတမ်းဆူညံနေတတ်သည်မို့ အခုလို တိတ်ဆိတ်နေသည့်အခါ Taehyung စိတ်ပူမိပြန်သည် ။

"ခေါင်းဆောင် ..."

"ဟင် ...Taehyung ပြန်လာပြီလား"

"အင်း.. သမီးလေးနဲ့အတူရှိနေမယ်မှတ်တာ ။ တစ်ယောက်တည်း ဒီမှာရှိနေတာပဲ"

"သမီးအတွက် ဆော့ကစားချိန်လိုမယ်ထင်လို့ပါ ။ ကျုပ်လည်း ဒီအပင်လေးတွေကိုဂရုစိုက်ချင်လို့"

"နေကောင်းရဲ့လား ... မျက်နှာက နွမ်းနေတာပဲ။ တစ်ခုခုဖြစ်လို့လားဟင်"

မေးခွန်းထုတ်ရင်း နဖူးကိုပါအသာစမ်းလိုက်သည် ။ ပူတော့မပူပါပေ ။

"ကျုပ် နေကောင်းပါတယ်"

ခေါင်းဆောင်က ခပ်ယေးယေးပြုံးရင်း နဖူးပေါ်က Taehyungရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်လိုက်သည် ။ ထို့နောက် Taehyung ၏မျက်ဝန်းတို့ကို မြတ်နိုးစွာဖြင့် ငေးစိုက်ကြည့်လိုက်၏ ။

"Taehyung .... ကျုပ်ကိုစိတ်ပူတာလား"

"မပူဘဲနေပါ့မလား"

Taehyung ထိုသို့ပြောလိုက်တော့ နှစ်နှစ်ကာကာပြုံးရယ်လာသည် ။ သို့ပေမဲ့ အဲ့ဒီအပြုံးတွေက အသက်မဝင်သလို ခံစားရသည် ။

"Taehyung အမှန်တကယ်စိတ်ပူတဲ့သူက ကျုပ်ဖြစ်ချင်တယ် ၊ ဒီခန္ဓာကိုယ်ပိုင်ရှင်မဟုတ်ဘဲ ကျုပ်ဖြစ်ချင်တာ...."

"ဘာဖြစ်လို့ အဲ့ဒီလိုတွေးရတာလဲ။ ကျွန်တော်က ခန္ဓာကိုယ်ကိုပဲ စိတ်ပူနေမယ်ထင်လို့လား။ခေါင်းဆောင် စိတ်ဒဏ်ရာမရဖို့လည်း ကျွန်တော် အမြဲတမ်းစိတ်ပူနေခဲ့တာပါ"

"ဒါဆိုရင် ကျုပ်ကိုရွေးချယ်ပေးလို့ရမလား"

ရုတ်တရက် မေးလာတဲ့ထိုမေးခွန်း ။
Taehyung မည်သို့ပြန်ဖြေပေးရမလဲဆိုတာပင်မသိတော့ချေ ။ ခေါင်းဆောင်ကဘာကို ရွေးချယ််ခိုင်းနေတာလဲ။

"ကျုပ် နောက်လိုက်တာပါ ။ Taehyung အခုမှအပြင်ကပြန်လာတာမို့လား ... နားလိုက်အုံးလေ။ ကျုပ် ထမင်းပွဲပြင်လိုက်မယ် ... ပြီးရင် စားကြရအောင်"

Always(completed)Where stories live. Discover now