Episode 8

1.7K 305 58
                                    

#Unicode

အမှတ်တရတွေအများကြီးနှင့် ဤနေရာ။
တွေ့ဆုံမှုက အကျည်းတန်ခဲ့သလောက် အခုတော့လည်း အမှတ်တရလှလှလေးတွေအဖြစ်ပြန်လည်မြင်ယောင်လို့ရလာသည်။
အရာအားလုံးက လွမ်းမောဖွယ်ကောင်းလှပါ၏။

"ဒီနေရာမှာ မုန်လာဥနီတွေစိုက်ခဲ့တာ... Rimအကြံပေးလို့လေ ။ Rimက မုန်လာဥနီနဲ့မုန့်လုပ်တဲ့နေရာမှာတော်တယ်"

စိုက်ခင်း အလွတ်လေးကိုကြည့်၍ ပြောနေတဲ့ခေါင်းဆောင်ရဲ့ မျက်ဝန်းတွေကခပ်ဆွေးဆွေး....
ထိုမျက်ဝန်းတို့သည် နာကျင်မှုကိုဖော်ပြနေခဲ့သည် ။
Rimကို ခေါင်းဆောင်ဘယ်လောက်တောင် သတိရနေလိုက်မလဲဆိုတာ Taehyung ခန့်မှန်းမိပါသည် ။

"ပြန်စိုက်ကြမလား... မုန်လာဥနီမဟုတ်ပေမယ့် ကျွန်တော်တခြား အပင်ယူလာတယ် ။ ဒီနေရာလေးမှာအပင်လေးတွေစိုက်ကြရအောင်"

Taehyung ကြိုတင်ပြင်ဆင်လာခဲ့ပြီးသားပင်။
ခေါင်းဆောင်ရဲ့အိမ်လေးကို အကောင်းဆုံးပြုပြင်ပေးခဲ့ချင်သည် ။
ဒီနေရာလေးက ခေါင်းဆောင်အတွက် အဖိုးမဖြတ်နိုင်ဘူးဆိုတာ သိနေသည်မို့။

"Taehyung ရောအတူလုပ်ဖို့ဆန္ဒရှိလား"

"ဒါပေါ့... ခေါင်းဆောင်နဲ့အတူ အပင်စိုက်ရတာကအရမ်းပျော်ဖို့ကောင်းတယ်လေ"

တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်မိကြသည် ။
ထို့နောက် နှစ်ယောက်အတူအပင်စိုက်ဖို့ပြင်လိုက်၏ ။

"Taehyung .. ဘာပင်စိုက်ချင်လဲ"

"ဒေစီပင်လေးတွေ ... ဒေစီပန်းလေးတွေက အဓိပ္ပာယ်လှတယ်လေ ။သူတို့လေးတွေကို ခြုံငုံပြီး အဓိပ္ပာယ်ကောက်ရင် ဖြူစင်ခြင်း ၊ သန့်ရှင်းခြင်း ၊ အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းနဲ့ အချစ်စစ်တဲ့"

"ပန်းတွေမှာ အဲ့ဒီလိုအဓိပ္ပာယ်တွေရှိတာလား"

ခေါင်းဆောင်က စိတ်ဝင်တစားဖြင့်မေးလာသည် ။ Taehyung လည်းခေါင်းလေးအသာငြိမ့်၍

"ဒါပေါ့...အဲ့ဒီ ဒေစီပန်းလေးရဲ့အဓိပ္ပာယ်အတိုင်းပဲ ဒီနေရာလေးကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာစေချင်တယ် ခေါင်းဆောင်"

Always(completed)Where stories live. Discover now