Episode 1

5.9K 671 217
                                    

#Unicode

"ကျုပ်မသင်ချင်ပါဘူး ။ ရေးတတ်ဖတ်တတ်ရုံဆိုတော်ပြီပေါ့ "

English စာတွေ လေ့လာသင်ယူဖို့အတွက် ခေါင်းဆောင်Jeonကို သင်တန်းအပ်ပေးတော့ တစ်ရက်သာသွားပြီး အခုမသွားတော့ဘူးဟုဆိုကာ ပစ်ပစ်ခါခါပင်ငြင်းသည် ။ အရင်တုန်းက စာသင်ဖို့အသည်းအသန်ဖြစ်ခဲ့သည်က သူမဟုတ်သလိုပင် ။

"ဒါက တောထဲမှာမဟုတ်ဘူးနော် ခေါင်းဆောင် ... မြို့မှာဖြစ်ပြီး အခုအနေအထားအရ ရဲအရာရှိ Jeonပဲ ။ အဲ့တာကြောင့် အရာအားလုံးကို တတ်မြောက်ထားဖို့လိုတယ်"

Taehyung ဖျောင်းဖျနေရသည် ။ သို့ပေမဲ့ ခေါင်းဆောင်က ပေကတ်ကတ်သာ။

"တော်ပါဗျာ... ကျုပ်မတတ်ပေမယ့် အရာရှိဆိုတဲ့ကောင်က တတ်ပြီးသားပဲ ။ ကျုပ်မသင်ချင်ပါဘူး"

Jungkook အကြောက်ကန်နေရသည့် အကြောင်းမှာ သင်တန်းမသွားချင်တာကြောင့်ဖြစ်သည် ။စာတွေကခက်ခဲသည့်အပြင် သူ့ကို ခေါင်းရှုပ်စေ၏။ သင်ပေးတဲ့ဆရာဆိုသူရဲ့ ရုပ်ကလည်း ကြည့်ချင်စရာမကောင်း... ထို့ကြောင့် ငြီးငွေ့ရသည် ။
Taehyung ကိုယ်တိုင်ကိုယ်ကျသင်ပေးမယ်ဆိုရင်တော့ သူမငြင်းဆန်ပါပေ။

"ပြောရဆိုရခက်လိုက်တာ ... သမီးလေးထက်ကိုပိုပြီး ပြောရခက်တယ်"

Taehyung မှာ သက်ပြင်းသာချနိုင်တော့သည် ။ သူ့ယောက်ျား ဓားပြဗိုလ်က ခေါင်းကြောမာလွန်း၏ ။

"Taehyung သိလို့လား .. စာတွေကအရမ်းခက်တာပဲဗျ။ ကျုပ် ဦးနှောက်က သေးသေးလေးပဲရှိတာ ... အဲ့တာတွေကို မမှတ်နိုင်ဘူး"

Taehyung မှာ ရယ်ရခက်ငိုရခက်ပင် ။
ဓားပြခေါင်းဆောင်ခမျာလည်း အခုလိုပုံစံတွေနှင့် အသားကျဖို့အတွက် အတော်လေး ခက်ခဲနေရရှာသည်မို့ သနားစိတ်ဝင်မိပါသည်။

"အရင်တုန်းက ကျွန်တော်စာသင်ပေးတော့ ခေါင်းဆောင်ရခဲ့တယ်လေ ။ စာတစ်လုံးတစ်လေတောင်မသိတဲ့ ခေါင်းဆောင်က စာတစ်စောင်တောင်ဖတ်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား... အဲ့တာက ဉာဏ်ကောင်းလို့ပေါ့ ။ အခုကျမှ ဘာလို့မလုပ်နိုင်ရမှာလဲ"

"အရင်က စာသင်ပေးတာ Taehyungလေ။ ကျုပ် စာကိုစိတ်မဝင်စားရင်တောင် Taehyung ရဲ့နှုတ်ခမ်းလှုပ်တာ ၊ လက်လှုပ်တာကို သေချာကြည့်မိတော့ မှတ်မိတာပေါ့ ။ Taehyung သင်ပေးလို့ ကျုပ်ကတတ်တာ..... အခုစာသင်ပေးတဲ့ဆရာကြီးကိုတော့ ကျုပ်မှမကြည့်ချင်ဘဲ... ဒီကြားထဲ အဲ့ဒီဆရာက ကျုပ်ကို ဘာတွေလာလာမေးမှန်းမသိဘူး။ သေနတ်နဲ့ပစ်ချင်တာ လက်ကိုယားလို့.. ခင်ဗျားသိရဲ့လား"

Always(completed)Onde histórias criam vida. Descubra agora