Episode 5

1.8K 298 111
                                    

#Unicode

"Taehyung ..."

မိုးလင်းကတည်းက Taehyung နှင့်သမီးလေးကို Jungkook ရှာမတွေ့ပေ ။အကြိမ်ကြိမ်အော်ဟစ်၍ခေါ်နေမိသော်လည်း  တုံ့ပြန်သံမလာဘဲတိတ်ဆိတ်လို့နေ၏။ မဖြစ်နိုင်ဘူးဆိုတာကို သိနေလျက်နှင့်လည်း Jungkook၏ စိတ်တို့က ချောက်ချားလို့လာသည် ။ Taehyung နှင့်သမီးလေးက သူ့ကိုထားသွားခဲ့ပြီလား ။

"ကျုပ်နဲ့မနေချင်လို့လား"

အကြိမ်ကြိမ်အထားခဲ့ခံရသူမို့ ထပ်ပြီးအထားခဲ့ခံရမှာကို Jungkook သေမလောက်ကြောက်နေမိသည် ။ မလုပ်ပါဘူးဟု သိနေလျက်နှင့်တောင် တုန်လှုပ်နေသောစိတ်တို့က ဂနာမငြိမ်ခဲ့ပေ ။

"ဒီတစ်ကြိမ်သာ ခင်ဗျားထားသွားရင် ကျုပ်သေတော့မှာ..."

ဆောက်တည်ရာမရစွာဖြင့် တစ်ယောက်တည်း စကားပြောနေမိသည်။ Taehyung နှင့်သမီးလေးကို မမြင်ဘဲ နိုးထလာတဲ့မနက်ခင်းလေးကတောင်မှ Jungkook ကို မျက်ရည်ကျအောင် ခြောက်လှန့်နိုင်သည်။Jungkookအတွက် အိပ်မက်ဆိုးတွေကနေ ရုန်းထွက်ဖို့က အခုလောက်အထိခက်ခဲနေခဲ့သည်လား။

"မဖြစ်နိုင်ပါဘူး .. ဒါ..ဒါက ရဲအရာရှိရဲ့ခန္ဓာကိုယ်လေ ။ ကျုပ်ကိုထားသွားချင်ရင်တောင်မှ သူ့ကိုတော့ ဘယ်လိုလုပ်ပြီးထားသွားနိုင်ပါ့မလဲ"

စီးကျနေတဲ့မျက်ရည်စတို့ကို Jungkook အလျင်အမြန်သုတ်ပစ်လိုက်သည် ။ ဒါက ရဲအရာရှိရဲ့ခန္ဓာကိုယ်ဆိုတာကို သူမေ့သွားခဲ့တာဖြစ်၏ ။ ဒီခန္ဓာကိုယ်နှင့် ရှိနေနိုင်သမျှ ကာလပတ်လုံး Taehyung ကသူ့ကိုထားသွားမှာမဟုတ်ပါပေ ။ သူအတွေးလွန်သွားခဲ့တာဖြစ်၏ ။

"ခေါင်းဆောင်... ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ဘာထိုင်လုပ်နေတာလဲ"

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် Jungkook ချက်ချင်းလက်ငင်းပင် လှည့်ကြည့်လိုက်သည် ။ Jungkookရဲ့စိုးရိမ်စိတ်တွေအားလုံး လွင့်မျောသွားခဲ့ရပါသည် ။
အလျင်အမြန်ပင် ထရပ်၍ ပြေးဖက်လိုက်မိသည် ။

"ရုတ်တရက်ကြီး ဘာလို့လာဖက်တာလဲ..တစ်ခုခုဖြစ်လို့လား ခေါင်းဆောင် ။ ဘာဖြစ်လို့လဲ "

"ကျုပ်ကို ထားမသွားပါနဲ့နော် Taehyung ... ဘာပဲဖြစ်ဖြစ်ထားမသွားဘူးလို့ ကတိပေးပါ"

Always(completed)Where stories live. Discover now