21

292 30 6
                                    

(21)

အရှင်မနဲ့အတူ ဟန်ပြည်သို့ တဖန်ပြန်ရောက်လာရသည်။ လီယွမ့်စိတ်ထဲတွင် အန္တရာယ်ကင်းသွားပြီဟု ခံစားမိပြီး ပျော်ရွှင်ရသည်။ ဟန်ပြည်က သူမအတွက် အရမ်းရင်းနှီးရတဲ့နေရာပဲမဟုတ်လား။

" သခင်မလေး !! "

ယဲ့ကျီက လီယွမ့်ကို မြင်တာနဲ့ အပြေးအလွှားရောက်လာပြီး ဖက်ပစ်လိုက်သည်။ အလွန်တင်းကြပ်အောင်ဖက်ထားတာ​ကြောင့် အသက်ရှုပင်ကြပ်ရသည်။ နောက်မှ ယဲ့ကျီက လွှတ်ပေးကာ တောင်းပန်ပါတယ်ဟု ဆိုသည်။

" တောင်းပန်ပါတယ် သခင်မလေး ယဲ့ကျီ အပျော်လွန်သွားလို့ပါ "

" ရပါတယ် ယဲ့ကျီ ငါလဲ နင့်ကို လွမ်းနေတာပါ  "

" လာ သခင်မလေး နန်းဆောင်ထဲသွားရအောင် "

ယဲ့ကျီက လီယွမ့်လက်ကိုပင် ဆွဲကာ နန်းဆောင်ဆီခေါ်ခဲ့သည်။

လီယွမ့် နန်းဆောင်က ထွက်မသွားခင်က အတိုင်းရှိနေသည်ကိုမြင်၍ လီယွမ် ဝမ်းသာမိသွားသည်။

" အရင်အတိုင်းပဲ "

" ဟုတ်ပါတယ် ... အရှင်မက သန့်ရှင်းရေးလုပ်တာကလွဲပြီး ဘာကိုမှ မထိဖို့ အမိန့်ပေးထားပါတယ် "

" ဟင် ဟုတ်လား "

" ဟုတ်ပါတယ် သခင်မလေး "

လီယွမ် ထိုင်ခုံမှာထိုင်ရင်း နန်းဆောင်ကို ဝေ့ဝဲကြည့်နေမိသည်။ ပြီးတော့ တစ်စုံတစ်ခုကို သတိရသွားသည်မို့ ...

" ယဲ့ကျီ .... ဆံထိုးရော ငါ့ဆံထိုး ! "

~~~~~~~~~~~~

" အရှင်မ အခု အမတ်တွေက ညီလာခံ ခန်းမထဲမှာ စောင့်ဆိုင်းနေကြပါတယ် အရှင်မ တစ်ချက်လောက်သွားပြီး..... "

" ငါမသွားဘူးလို့ ပြောနေတယ်လေ ရွှယ်ချန်! "

အရှင်မက ခပ်အေးအေးပင် ရေနွေးကိုငဲ့သောက်နေသည်မို့ မတ်တပ်ရပ်၍ တောက်လျှောက်ပြောရသော ရှင်းရွှယ်ချန်မှာ ညောင်းလာသည်ဟု ခံစားရလေသည်။

" ထိုင်ပါဦး ရွှယ်ချန် "

" အရှင်မ ... ဒါကတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ် "

Gentle & Cruel : Empress Li Yuan Dove le storie prendono vita. Scoprilo ora