9

354 37 3
                                    

(9)

စစ်သူကြီး.ရှင်းက နန်းဆောင်အတွင်းသို့ ဝင်လာပြီး လီယွမ့်ကို အရိုသေပြုသည်။

" ကျွန်မ အရေးကြီးသတင်းလာပို့တာပါ
ဟွမ်ပြည်က နယ်စပ်ဒေသကို ကျူးကျော်လာလို့ အရှင်မက အရေးပေါ်တပ်နဲ့အတူ ထွက်ခွာသွားပါပြီ ကျွန်မလဲ အခုပဲ တပ်မကိုခေါ်ပြီး နယ်စပ်ဘက်ကိုသွားရပါတော့မယ် ... အရှင်မက လီမင်းသမီးကို သေချာစောင့်ရှောက်ပေးဖို့မှာလိုက်ပါတယ် ယဲ့ကျီ "

" ဟုတ်ကဲ့ပါ စစ်သူကြီး ရှင့် "

" လီမင်းသမီးလဲ ဂရုတစိုက်နေပါ "

" ဟုတ်ကဲ့ "

စစ်သူကြီး.ရှင်းက အရိုသေပြုပြီး ပြန်ထွက်သွားတော့သည်။

စစ်ပွဲဆိုတာ ကြားရုံနဲ့တင် လီယွမ် စိတ်ပူပန်မိသည်။ ဟွမ်ပြည်က အမြဲတမ်း ဟန်ပြည်ကို ရန်ရှာလေ့ရှိတာမို့ သိပ်မစိုးရိမ်ဖို့ ယဲ့ကျီကပြောသည်။

~~~~~~~~~~~~~~~~

တဖြည်းဖြည်းရုပ်ပုံပေါ်လာပြီဖြစ်သော ပန်းချီအားကြည့်ရင်း လီယွမ်ကျေနပ်ရသည်။ ဒီပန်းချီပြီးမြောက်သွားရင် အရှင်မကို ကိုယ်တိုင်ပေးချင်သည်။ အသက် ၁၀ နှစ်ထဲက မှတ်ဥာဏ်ထဲ စွဲမြဲနေအောင်မှတ်မိတဲ့ မျက်နှာမို့လို့လေ။ လက်က ချရေးချင်တဲ့ ပန်းချီမို့လို့လေ။

ရုတ်တရက် ခြေသံဖွဖွကြားလိုက်ရ၍ အဝတ်စကိုယူကာ ပန်းချီကားကို ဖုံးပြီးသည်နှင့် လီယွမ် ထရပ်၍ လှည့်ကြည့်လေသည်။

" မမ "

" ညီမလေးကို တွေ့ချင်နေတဲ့ အထူးဧည့်သည်ရှိတယ် "

" ဘယ်သူလဲဟင် မမ "

" သွားတွေ့ကြည့်ရင် သိမှာပေါ့ လာ "

အစ်မရှီးစဲ့အတူ ဧည့်ဆောင်သို့လိုက်လာ၍ လီယွမ့်ကို စောင့်မျှော်နေသူအား မြင်လိုက်ရချိန်တွင် လီယွမ့် မျက်လုံးတို့ပြူးသွားသည်။

" မမလင်းဟန် ! "

" ယွမ်အာ ! "

လီယွမ့်ရဲ့ တစ်ဦးတည်းသော အစ်မ လီလင်းဟန်။ ၇ နှစ်ကျော်ကြာ မတွေ့ခဲ့ရပေမယ့် လီယွမ် ချက်ချင်းမှတ်မိသည်။ ရုတ်တရက် လီလင်းဟန်ကိုတွေ့လိုက်ရတော့ လီယွမ့်စိတ်ထဲတွင် ဝမ်းနည်းလာတော့သည်။ ခမည်းတော်၊ မယ်တော်တို့ကိုလဲ လွမ်းသလို လီပြည်ကိုလဲ လွမ်းပါသည်။

Gentle & Cruel : Empress Li Yuan Where stories live. Discover now