13

163 18 7
                                    


(13)

မမလင်းဟန်ကို တွေ့အောင်ရှာမယ်လို့သာ ပြောခဲ့ပေမယ့် တကယ်တမ်း ဘယ်လိုရှာရမလဲဆိုတာ သူမ မသိပေ။ ဟန်ပြည်ထဲမှာတော့ ဘယ်လိုမှ ရှိမှာမဟုတ်ပါဘူးလေ။ ဒါပေမယ့် ရှိတာလဲ ဖြစ်နိုင်သည်။ ဘာလို့ဆို သူမကိုလဲ အစ်မလျန်ယင်းနဲ့ အစ်မဝေ့ယီတို့က မြေအောက်ခန်းထဲ ဝှက်ထားခဲ့သေးတာပဲ။
ဒီလိုလဲတွေးလို့ရပေမယ့် အဓိကပြဿနာက သူမ ကိုယ်တိုင်ပင်။ သူမ အင်အားနဲ့ ဘယ်လိုများ ရှာနိုင်မှာလဲ။ အရှင်မတို့ အင်အားအလုံးအရင်းနဲ့ ရှာတာတောင် မတွေ့တာ။
သက်သက်မဲ့ အရှင်မဆီမှာ စကားအပိုသွားပြောခဲ့တာပဲ။

" အသုံးကိုမကျဘူး "

ကိုယ့်နဖူးကိုယ်ရိုက်ရင်း လီယွမ် သက်ပြင်းချမိသည်။

" သခင်မလေး နေ့လည်စာသုံးဆောင်တော့မလားရှင့် "

" ငါမစားချင်သေးဘူး ယဲ့ကျီ ငါ့ကို ကူစဥ်းစားပေးပါဦး မမလင်းဟန်ကို ဘယ်လိုရှာရမလဲလို့ "

" သခင်မလေး ... သခင်မလေးရဲ့ အစ်မကို စိတ်မပူပဲ သခင်မလေးကိုယ့်ကိုကိုယ်သာ စိတ်ပူသင့်တယ် "

" ဒါပေမယ့် မမက လူသတ်သမားလို့ စွပ်စွဲခံထားရတယ်လေ "

" သခင်မလေးရဲ့ ကျန်းမာရေးကိုလဲ သခင်မလေး ဂရုစိုက်ပါဦး "

" ငါ့အသက်ကိုတောင် ငါဂရုမစိုက်နိုင်တော့ပါဘူး ... "

လီယွမ့်ကို ကြည့်ပြီး ယဲ့ကျီလဲ စိတ်မကောင်းပါ။ ထပ်မပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်၍သာနေမိတော့သည်။

~~~~~~~~~~~~

အရှင်မက ဟန်အိုက် ကိစ္စနဲ့ပတ်သတ်ပြီး နန်းတွင်းက လူတွေအား အပြင်ကိုမပေါက်ကြားစေဖို့၊ ပေါက်ကြားခဲ့ရင် သေဒဏ်ချမယ်လို့ အမိန့်ကြမ်းကြမ်းပေးထားသော်ငြား တစ်စွန်းတစ်စကနေ စပြီးတော့ ပေါက်ကြားကုန်သည်။နှုတ်တစ်ရာကို လိုက်မပိတ်နိုင်တာကြောင့် ဘယ်သူ့ဆီကလဲဆိုတာကိုလဲ မခန့်မှန်းနိုင်ပါ။

မြို့တော်အတွင်းမှာတော့ ဟန်မင်းသမီးကို အရှင်မက ဖွက်ထားခဲ့တယ်ဆိုတဲ့ သတင်းက နာမည်ကြီးနေသည်။ သို့သော် ဒါက နန်းမြို့တော်ပဲရှိပါသေးသည်။ တကယ့်ပြသနာက အရှေ့ပြည်ထောင်စုတစ်ခုလုံးမှာ ပျံ့နှံ့နေတာဖြစ်သည်။ ထိုကိစ္စရဲ့အကြောင်းရင်းကတော့ လီယဲ့ဟွမ်ဖြစ်လိမ့်မည်။ ဟန်အိုက်ကို သတ်ဖို့တောင် စေခိုင်းနိုင်သေးတာပဲ။ ဒီသတင်းတစ်ခုကို ဖြန့်ပစ်ဖို့က အလွယ်လေးပဲလေ။

Gentle & Cruel : Empress Li Yuan Where stories live. Discover now