10

210 25 0
                                    

(10)

ညည့်နက်နေပြီဖြစ်သော်လည်း လီယွမ် အိပ်မပျော်သဖြင့် လမ်းလျှောက်ရန် နန်းဆောင်ပြင်သို့ထွက်လာခဲ့သည်။ လမိုက်ညမို့ မှောင်မိုက်နေကာ ပတ်ဝန်းကျင်က တိတ်ဆိတ်၍ ခြောက်ခြားဖွယ်ရာပင်။ သို့သော် လီယွမ်မကြောက်ပါ။

ဥယျာဥ်ဘက်သို့လျှောက်လာရင်း အထဲကို ဝင်လာမိသည်။ ဟန်အိုက်အကြောင်းတွေးမိတော့ စိတ်မကောင်းဖြစ်ရသည်။

ညလေအေးတွေက တဖြူးဖြူး တိုက်ခတ်နေပြီး လီယွမ့် ဆံနွယ်တွေတောင် လွင့်နေသည်။
အင်္ကျီက ပါးနေလို့ပဲလားမသိ၊ လီယွမ် တအားချမ်းလာတော့သည်။ နန်းဆောင်ပြန်ရန် လှည့်လိုက်ချိန်တွင် ခပ်စူစူးအော်ဟစ်သော အသံတစ်ခုကို ကြားလိုက်ရသည်။

" ဟင် "

မိန်းကလေးတစ်ယောက်ရဲ့အသံ။
အသံလာတာက ဥယျာဥ်အနောက်ဘက်ကဆိုတော့ ဟန်အိုက် နန်းဆောင်ကများလား။

ထိုသို့တွေးမိရင်း ဟန်အိုက် တစ်ခုခုဖြစ်နေလားဆိုပြီး တွေးမိကာ လီယွမ့်ခြေလှမ်းတွေက ထိုနေရာသို့ ပြေးသွားမိသည်။

" ဟန်အိုက် "

ဟန်အိုက် နန်းဆောင်ဆီရောက်တော့ မီးများအားလုံး ငြိမ်းနေကာ မှောင်မဲလို့နေသည်။

" ဟန်အိုက် ! "

လီယွမ် ခေါ်ကြည့်သော်လဲ ပြန်ထူးသံမကြားပဲ ညည်းသံခပ်သဲ့သဲ့သာ ကြားရ၍ အထဲဝင်သွားဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။

" ဟန်အိုက် ငါဝင်လာမယ်နော် "

အထဲသို့ စမ်းရင်း ဝင်သွားတော့ ကြမ်းပြင်ပေါ်မှာလဲနေတဲ့ ဟန်အိုက်ကိုတွေ့လိုက်ရသည်။

" ဟန်အိုက် ... နင်နေမကောင်းဘူးလား ဘာလို့ ဒီမှာ အိပ်..... ဟင် !! "

ဟန်အိုက်ကို လှုပ်နှိုးသော်လဲ နိုးမလာ၍ သူ့ခန္ဓာအား ဆွဲထူပေးချိန်တွင် အေးစက်သောအရည်တစ်ချို့က လီယွမ့်လက်တွင်ပေသွားသည်။
ဘာတွေလဲဟု သေချာကြည့်မိတော့ လီယွမ့်မှာ သွေးပျက်မတတ်လန့်ပြီး ထအော်မိတော့သည်။

" ဟန်အိုက်!! အား !!! "

သွေးတွေ။ အဲ့အရည်တွေက သွေးတွေ။
ဟန်အိုက်ရဲ့ လည်ပင်းကနေထွက်နေတာ။
ဟန်အိုက် လည်ပင်းမှာ ထိုးစိုက်နေတဲ့ ဆံထိုးတစ်ခု။

Gentle & Cruel : Empress Li Yuan Where stories live. Discover now