18

158 22 4
                                    

(18)

ထမင်းစားဆောင်တွင် စားပွဲရှည်ကြီးရှိနေပြီး လူတွေလဲရှိနေသည်။ ချူယီက အကုန်လုံးကို မိတ်ဆက်ပေးလေသည်။ ထိပ်ဆုံးမှာ ထိုင်နေသည့် အဘွားက သေဆုံးသွားသော ဟွမ်စစ်သူကြီးဟောင်း မုဖန်ကျင်းရဲ့ ဇနီးဖြစ်သူဖြစ်သည်။ သားသမီးများအနေနှင့် မုရုံဟယ်နှင့် မုလွမ်ဟယ်ဆိုသော အစ်ကိုနှစ်ယောက်နှင့် မုကျီဟယ်ဆိုသော ညီမတစ်ယောက်ရှိလေသည်။ အစ်ကိုနှစ်ယောက်က တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတွေပဲဖြစ်ကာ အိမ်မှာမရှိကြပေ။ ခုန ချူယီက မြေခွေးမလို့ ပြောတဲ့တစ်ယောက်က မုရုံဟယ်၏ သမီးဖြစ်သည်။ မုကျီဟယ်မှာတော့ သားနှစ်ယောက်ရှိပြီး သားနှစ်ယောက်လုံးကလဲ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ အိမ်တွင်မရှိကြပေ။

ချူယီကတော့ အငယ်ဆုံးညီမ မုကျီဟယ်၏ သမီးဖြစ်ပြီး မုကျီဟယ်ကတော့ ချူယီကိုမွေးပြီးတည်းက ဆုံးပါးသွားတာဟု ပြောပြလေသည်။ ချူယီက အဘွားလက်ပေါ်မှာပဲ ကြီးလာပြီး အဘွားက မြေးတွေထဲ အချစ်ဆုံးဖြစ်သည်။

မုအိမ်တော်က ကြီးမားပြီး နာမည်လဲကြီးလေသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်နေသူများ၍ ပြည်သူတွေကလဲ ချစ်ခင်ကြသည်။
နန်းတော်ပြီးရင် မုအိမ်တော်ဟုပင် တင်စားကြသည်။

" ပိုင်ဟွားမိန်းကလေး စားပါ ... ဘာမှအားမနာနဲ့ တစ်ခုခုလိုအပ်တာရှိရင် ကောင်မလေးတွေကို ခိုင်း ... မင်းသူငယ်ချင်း ချူယီက အားနေရင် အပြင်ပဲလျှောက်သွားနေတာ ဒီတစ်ခါ မင်းပါလာတော့ အိမ်ကပ်တော့မှာပဲ တော်သေးတာပေါ့ "

" ဟုတ်ကဲ့ ကျွန်မကို တည်းခိုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် မုအဘွား "

" စားစား ပိုင်ဟွား "

ချူယီက စားစရာများကို လီယွမ့် ပန်းကန်ထဲထည့်ပေးသည်။

" ပိုင်ဟွားမိန်းကလေးက တော်တော်ချောတာပဲ "

မုရှောင်မျန့်က ပြောတော့ ချူယီက မြေခွေးမကို ခွန်းတုံ့မပြန်ဖို့ မျက်လုံးဖြင့်ပြ၍ လီယွမ်လဲ ရယ်ပြလိုက်ရသည်။

မုအဘွားက လီယွမ့်အား သေချာအကဲခတ်နေသည်။

" သမီးက တော်တော်သိမ်မွေ့တာပဲ "

Gentle & Cruel : Empress Li Yuan Where stories live. Discover now