chapter-10

115 26 0
                                    

                     Intrusion

"သူ‌‌ဌေး၊ ကျွန်တော့်ကို pearl milk tea နှစ်ခွက်ပေးပါ။"

"Medium လား၊ largeလား။"

ကျန်စစ်လုက သူ့နံဘေးရှိ ရှန်ယွမ်ကို ကြည့်လိုက်ပြီး စကားလုံးနှစ်လုံးအား သူ၏သွားကြားထဲမှ မနည်းပင် ညစ်ထုတ်လိုက်ရသည်။ " largeပါ။"

မစ်တီးဆိုင်မှာကား ကျောင်း၏ဆန့်ကျင်ဖက်လောက်တွင်ပင် ရှိပြီး ရောင်းကောင်းလှသည်။ သို့သော် ကျောင်းပြန်တက်ရန် ဆယ့်ငါးမိနစ်သာ လိုတော့သည့်အတွက် သူတို့ တန်းစီပြီး စောင့်ဆိုင်းရန်တော့ မလိုအပ်ပေ။

ကျန်းစစ်လုက သူ့ကို pearl milk tea ကို ကမ်းပေးလိုက်ကာ ပြောလာသည်။ "ရော့၊ တအားလည်း သောက်မနေနဲ့ဦး၊ လေပွသွားဦးမယ်။"

ရှန်ယွမ်လည်း ပြန်ပြောလိုက်၏။ "မစ်တီးတစ်ခွက်လောက်က ဘာမှမဖြစ်ပါဘူး။"

ကျန်းစစ်လုမှာ အံသွားများကို ကြေမွသွားလုမတက်ပင်ကြိတ်ထားလိုက်ရသည်၊ ထို့ကြောင့်ပင်  သူ သောက်စရာရှိတာကို မြန်မြန်သောက်ချလိုက်ပြီး ရှန်ယွမ်ကိုလှည့်ကြည့်လိုက်တော့ ခွက်၏တစ်ဝက်ပင် မကျိုးသေးတာကို တွေ့လိုက်ရသောကြောင့် "မင်း ပိုပြီးမြန်မြန်လေးသောက်ပေးနိုင်မလား။ ငါ့မှာ လုပ်စရာရှိသေးတယ်။"

ဓမ္မအဓိဌာန်ကျကျဆိုရလျှင် တစ်ဖက်လူမှာ သူ့ကိုစောင့်ဆိုင်းနေစရာလုံးဝမလိုလှ။

"ဘာကိစ္စရှိလို့လဲ။"

"ငါအဆောင်ပြန်ပြီး ရှင်းလင်းရေးဆင်းရဦးမယ်။ ကျောင်းအုပ်ကြီးက ဒီညယောက်ျားလေးအဆောင်ကိုလာပြီး သန့်ရှင်းရေးစစ်မှာတဲ့။"

အကယ်၍ အားကစားခန်းမက ကိစ္စသာမဖြစ်သွားခဲ့ပါက သူက နေ့လည်စာစားပြီးသည်နှင့် အဆောင်ကိုသာပြန်ဖြစ်လိမ့်ပေမည်။

ကျန်းစစ်လုမှာ ထိုသို့တွေးလေလေ၊ ပို၍ စိတ်မချမ်းမသာဖြစ်လာရလေပင်။ အားကစားခန်းမမှ ကိစ္စသာမဖြစ်ပွားခဲ့ပါက သူသည်လည်း ရှန်ယွမ်အား မစ်တီးနှင့်ပြုစုပေးနေစရာလိုနေမည်မဟုတ် !

အဆောင်သန့်ရှင်းမှုကို လာစစ်တာတဲ့လား ?

ဘတ်ဘယ်စေ့များကို မျိုချလိုက်ပြီး ရှန်ယွမ်မေးလိုက်၏။ "အဲ့ဒီကနေ အတော်ဆုံးကျောင်းသားရွေးတာဘာညာရှိဦးမှာလား။"

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now