Fame
ပဲ့တင်သံသည် ကောင်းကင်ယံအထိပင် ပျံနှံ့လျက် တောင်နှင့်မြစ်များဆီပါပျံ့နှံ့သွားသလားမှတ်ထင်ရသည်။
နေွညအလယ်တွင် သစ်ပင်ကိုင်းထက်ရိှစာကလေးငှက်တို့အားထိတ်လန့်စေလျက်
သူတို့၏အတောင်ပံများကိုကတိုက်ကရိုက် ခတ်ကာ ညနေခင်းလေညင်းနှင့်အတူ ကသောင်းကနင်းပျံသန်းသွားကြတော့သည်။ရှန်ယွမ်၏ ဆံပင်များနှင့်အတူ တစ်ကိုယ်လံုးဟာ
လေထုအလယ်တွင် ဖရိုဖရဲဖြစ်လျက်။'ကျေးဇူးပဲ။အသံချဲ့စက်ရေ'
ရှကျစ်ချီသည် ထိုအခိုက်အနက်၏အပူရိှန်ထဲ၌ နစ်မြုပ်နေဆဲပင်၊ သူသည်ခေါင်းစောင်းလျက် ရှန်ယွမ်အား မျက်စိမိှတ်ပြနေသည်။
'ယူအာဝဲကမ်း၊ ရှန်ကော'
('......'နဲ့ပြောနေတာတေွက စိတ်ထဲဖြစ်နေတာတေွပါနော် )
"...... "
အေးခဲသွားသကဲ့သို့ပင် ရှန်ယွမ်သည်
တောင့်ခဲလျက်ပင် ခေါင်းကိုအနောက်လှည့်ကြည့်လိုက်သည်။အဲ့ဒီနေရာတွင် ထ၂ကျောင်းမှအုပ်စုသည်
အလွန်ပင် ပြင်းထန်စွာနှင့် ကြောက်ရွ့ံနေကြသည်။သူတို့၏မျက်နှာများသည် ရံှု့တွလျက် အံသွားများကိုလည်း ခြေမွပစ်မတတ်ပင် ကြိတ်ထားကြလေသည်။အချို့လူများသည် သူတို့၏ပြိုင်ဘက်အားမဖမ်းမိခင်ကပင် ထိုသူများကို မည်သို့သတ်ပစ်မည်ဟုဆံုးဖြတ်ထားကြသည်။
"ရှန်ယွမ်!!!!"
ခေါင်းဆောင်ဖြစ်သည့် ဟွမ်မောင်သည် ဒေါသတကြီးဟိန်းဟောက်လျက် တန်ရာတန်ကြေးအားပြန်ဆပ်စေတော့မည်အတိုင်းပင်။
"နေဦး!"
ဟွမ်မောင်သည် ကျယ်လောင်စွာပင်ပြန်ဆဲလိုက်သည်။
"လီးကိုနေဦးလား!"
ရှန်ယွမ်သည် သူ့ဘောင်းဘီကိုဖုန်ခါလျက် တည်တည်ငြိမ်ငြိမ်ပင်ထလာသည်။
"ငါကဒီချိန်းထားတာကိုတစ်ယောက်တည်းလာပြီးမင်းတို့အကုန်လံုးကို ရင်ဆိုင်မယ်လို့တကယ်ထင်တာလား?"
ရှကျစ်ချီ: ?
'ရှန်ကော၊ ကျွန်တော်လည်းဒီမှာရိှတယ်လေ။'
YOU ARE READING
//Don't Try To Corrupt Me // MM Translation
Randomjust a fan tran. I don't own and give full credit to eng tran and original . Chapter- 105+5extra Start Date: 19.3.2024 End Date :??