chapter-2//zawgyi//

39 4 0
                                    

ထိုအဖွဲ့သည် စက္ကန့်အနည်းငယ်မျှကြောင်အသွားလျက်။ Huang Mao နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ၏လက်ထဲရှိ သံပိုက်ချောင်းအားလွှတ်ကာ ဆဲဆိုတော့လေသည်။

"မင်းငါ့ကိုလာကစားနေတာလား?!"

ရှန်ယွမ် ရိုးသားစွာနှင့်ပင် ပြန်ဖြေလေသည်။

"ခဏက ငါ့ကိုဘယ်ဂိုဏ်းလဲမေးတာမင်းပဲမဟုတ်ဘူးလား"

"ကောင်းတယ်၊ငါသိပြီ မင်းကဒီကောင့်ကိုကယ်ဖို့လာတာမဟုတ်ဘူး။ မင်းကသူနဲ့အတူအရိုက်ခံချင်လို့ရောက်လာတာပဲ"

Huang Mao သူ့လက်ဆစ်တွေကို ချိုးလိုက်သည်။

"အဲ့တာကြောင့်လည်းမဟုတ်ပါဘူး"

Huang Mao: ?

ရှန်ယွမ်သည် အခိုင်အမာကိုငြင်းဆိုနေလေသည်။
"မင်းငါ့ကိုရိုက်မှာကိုငါသဘောမတူဘူး"

Huang Mao: "..."

ချီးပဲ၊ ဒီကောင်ကရူးနေတာလား၊ သူ့ကိုရိုက်ဖို့အတွက်သူ့ရဲ့ ခွင့်ပြုချက်များလိုမယ်ထင်နေတာလား?!

ရှန်ယွမ် သည် မလှုပ်ရှားနိုင်တော့သည့်အခြေအနေ၌ သိသာစွာရှိနေသောခွေးကောကိုတစ်ချက်ကြည့်ကာ လျှာအား တစ်ချက်ကစားလိုက်သည်။

အဲ့တာကသေလောက်အောင်နာမှာပဲ!

"တော်လောက်ပြီ ၊ အဲ့တာလုံလောက်နေပြီ ၊
အဲ့လူက တော်တော်ပြင်းပြင်းကိုအရိုက်ခံရပြီးပြီလေ။ ရပ်ကြပါတော့။"

"မင်းကိုယ်မင်းများ ငါတို့ကိုရပ်ဖို့ပြောနိုင်တယ်ထင်နေတာလား ။ မင်းကသောက်ကျိုးနည်း ဘာကောင်မို့လဲ"

"ရှန်ယွမ် "

"..."

အင်း။ တော်တော်ချောမွေ့တဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်နည်းပဲ။

ရရှိထားသည့် ရှန်ယွမ်၏အကျင့်စရိုက်
အရ စနစ်သည် ရှန်ယွမ်ဟာ ပွဲကြည့်ရန်သက်သက် အတွက်သာ ရောက်ရှိလာသည်ဟု ယူဆထားသော်ငြား ယခုတွင်တော့ တကယ်ကြီးကို ပါဝင်ပတ်သတ်မိပေပြီ။

[စနစ်: လူမိုက်တွေကြားက ရန်စတာနဲ့ ရန်ပွဲတွေက
စည်းမျဉ်း အတိအကျကိုလိုက်နာကြတယ်။ အခုတော့ငါမင်းကို ဒီကနေထွက်သွားဖို့အကြံပေးချင်တယ်။]

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now