//Chapter (4) //uni & zawgi

113 22 2
                                    

DTTCM Chapter 4
U

Uni ver

Don't Insult Me

ကျင်းအန်ကျိုး သည် သူ့၏ထိုင်ခံုဖော်ရဲ့နောက်ကျောအား လက်သီးဖြင့်စစနောက်နောက်ဖြင့်ထိုးလိုက်သည်။

"အဲ့လိုကြီးတေွမပြောစမ်းနဲ့၊  ရှက်စရာကြီးတေွ"

"လီး!"
ထိုထိုင်ခံုဖော် သည် ထိုင်ခံုပေါ်မှပြုတ်ကျလို့နီးပါပင်။

ကျင်းအန်ကျိုး သူ့ကိုအမြန်ဖမ်းလိုက်ပြီး

"အပုိတေွမလုပ်စမ်းနဲ့"

သူသည်ရှန်ယွမ်အား ပြံုးပြကာဆိုသည်။

"သူဒီတိုင်း ဟာသတေွလုပ်ရတာကြိုက်ရံုပါ။"

သူ၏ ထိုင်ခံုဖော်ဟာဆိုရင်ဖြင့် အလွန်ပင်ကြိတ်မှတ်ကာခံစားနေရပံုဖြင့် သက်ပြင်းကျလိုက်ကာ
စိတ်ကုန်နေသောအမူအရာဖြင့်ပင် ရှန်ယွမ်အားကြည့်လေသည်။
ရှန်ယွမ်:"......"

"မင်းဆော်ပစ်လိုက်တဲ့ မနေ့တုန်းကလူတေွက လ(၂)ကလူဆိုးခေါင်းဆောင် ဝူတိရဲ့ နောက်လိုက်ညီလေးတေွလေ။ သူတို့ကိုငါတို့ကျောင်းကလက်စားချေချင်နေတာကြာပြီ။ဒါပေမယ့် အဲ့တာကမလောက်သေးဘူးလေ။သူတို့ကငါတို့ကျောင်းဝင်ပေါက်ထိလာရန်စထားတာ။ငါတို့တော်တော်လေးကို မကျေမနပ်ဖြစ်ခဲ့ကြတာ။အဲ့ကောင်တေွကတော်တော်လေးကိုကလိမ်ကကျစ် ဥာဏ်နီဥာဏ်နက်နဲ့ ။စိန်ခေါ်တုန်းကျတော့ပေါ်တင်ခေါ်ပြီးတော့ တကယ်လည်းလာရော နောက်ကွယ်ကနေချောင်းရိုက်တယ်တဲ့လား။“

ကျင်းအန်ကျိုး မျက်လံုးများတောက်ပလာကာ

"ပြောပါဦး မင်းသူတို့ကိုဘယ်လိုဆော်လိုက်တာလဲ။"

ရှန်ယွမ်သည်အမှန်တရားသာဆိုလေသည်။

"ငါသူတို့ကို ရဲခေါ်မယ်ဆိုပြီးချိန်းခြောက်လိုက်တာ"

"ဟားဟားဟား  မင်းကတကယ်နောက်တတ်တာပဲ"
ကျိုးအန်ကျင်သည် နောက်တစ်ချက်သူ့ထိုင်ခံုဖော်အားထိုးလိုက်ပြန်သည်။ "သူ့လိုပဲ"

ရှန်ယွမ်: “…”

သူ၏ထိုင်ခံုဖော်: “…”

အဓိိကဇာတ်ဆောင်၏ ရှင်းပြချက်ကိုဘယ်သူမျှမယံုကြည်ကြပါပေ။

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now