Chapter-1//zawgyi //

53 4 0
                                    


"သောက်ကျိုးနည်း!မင်းလူရောဟုတ်ရဲ့လား?"

"ထွက်သွားစမ်း ။ဒီမှာ လောင်ဇစ်အိပ်ဖို့လုပ်နေတာ မမြင်ဘူးလား! မင်းမေတဲ့မှ!"

"စောက်ကျိုးနည်းတဲ့မှ အကုန်စားပစ်လိုက်တာလား?အသင့်စားခေါက်ဆွဲစားရင် မင်းညီအစ်ကိုတွေအတွက် အရည်လေးနည်းနည်းလောက်ချန်ထားရမယ်ဆိုတာ မင်းမသိဘူးလား?"

"ခွေးကော , ဟိုဘက်ကပ်ရပ်ကျောင်းကလူက မင်းနဲ့ ရန်ဖြစ်ချင်လို့တဲ့"
(ကော= အစ်ကို)

" ဘော့စ်ကျဲ ရည်းစားစာတစ်စောင်ရတယ်ဟေ့"
(ကျဲ= အစ်မ)

"ငါဒါကိုမလိုချင်ပါဘူး, ငါတစ်ယောက်တည်း လှနေပြီးသား"

"ငါ့အမေကဒီshirtဝတ်တာကိုပဲ အမြဲလာပြောနေတာ။ ငါစကတ်ဝတ်လိုက်တိုင်း မပြီးမဆုံးနိင်နဲ့ ပွစိပွစိပြောနေတာ တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ!"

စာသင်ခန်းရဲ့အလယ်၌ ရှန်ယွမ် သည် ခုံအောက်ထဲတစ်ချက်ထပ်ကြည့်လိုက်ပြီး တကယ်ကို အထဲမှာ ဘာစာအုပ်တစ်အုပ်မှ မရှိဘူးဆိုတာသေချာအောင် ပြန်ကြည့်လေသည်။ သူ့ရဲ့ရှုပ်ထွေးနေတဲ့ခေါင်းကို ပြန်မော့လိုက်သောအခါသူ့အရှေ့မှာထိုင်နေလျက် စကတ်ကိုဝတ်ထားပြီး ကွန်ပလိမ်းတတ်နေတဲ့ သူကိုတွေ့ရသည်။

လိင်: အမျိုးသား။

ရှန်ယွမ်: "...... "

"အန်တီက မင်းကိုမဝတ်နဲ့ပြောတာပဲ,
မင်းသူပြောသလိုပဲ လုပ်လိုက်ပေါ့"

ပြောကြသည်ကတော့ စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့ အပွင့်အညှာပန်းကလေးတွေကို ပျိုးထောင်ပေးတဲ့ ဥယျာဉ်တဲ့။
ဒါပေမယ့် ရှန်ယွမ် ကတော့သူ့ကိုယ်သူဈေးထဲရောက်နေသလို ခံစားနေရတယ်....

ခေါက်ဆွဲခြောက်တွေစားတယ် ၊ ကဒ်ကစားတယ်၊ မိတ်ကပ်လိမ်းတယ်၊
အိပ်တယ်..............အကုန်လုံးကစာလုပ်တာကလွဲပြီး အကုန်လုပ်နေကြတာပဲ။

သူကျောင်းတုန်းကအချိန်ကိုနောက်ကြောင်းပြန်ရမယ်ဆိုရင် ကျောင်းအုပ်ကြီးက ကျောင်းဆိုတာအိမ်ပါလို့ပြောလေ့ရှိတယ်။
ရှန်ယွမ်ကလည်း အဲ့တာကအပြောပဲ ရှိတယ်ဆိုပြီး တွေးခဲ့ဖူးသည်။သို့သော် ယခုမှာတော့.....သူတစ်ချက်ပြန်ကြည့်လိုက်သည်။

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now