Chapter-1

320 34 1
                                    


"သောက်ကျိုးနည်း!မင်းလူရောဟုတ်ရဲ့လား?"

"ထွက်သွားစမ်း ။ဒီမှာ လောင်ဇစ်အိပ်ဖို့လုပ်နေတာ မမြင်ဘူးလား! မင်းမေတဲ့မှ!"

"စောက်ကျိုးနည်းတဲ့မှ အကုန်စားပစ်လိုက်တာလား?အသင့်စားခေါက်ဆွဲစားရင် မင်းညီအစ်ကို‌တွေ အတွက် အရည်နည်းနည်းလောက်ချန်ထားရမယ်ဆိုတာ မင်းမသိဘူးလား?"

"ခွေးကော , ဟိုဘက်ကပ်ရပ်ကျောင်းကလူက မင်းနဲ့ ရန်ဖြစ်ချင်လို့တဲ့"
(ကော= အစ်ကို)

" ဘော့စ်ကျဲ ရည်းစားစာတစ်စောင်ရတယ်ဟေ့"

(ကျဲ= အစ်မ)

"မလိုချင်ပေါင်၊ ငါက အဆင်ပြေနေပြီးသားပဲ။"

"ငါ့အ‌မေက ဒီစကတ်ဝတ်တာကိုပဲ အမြဲလာလာပြောနေတာ၊ အဲ့လို ဝတ်လိုက်တိုင်း မပြီးနိုင်မဆုံးနိုင် ပွစိပွစိ ပြောနေတာများ၊ တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ ! "

စာသင်ခန်း၏အလယ်တွင် ရှန်ယွမ်သည် ခုံစောင်းထဲသို့ တစ်ချက်ထပ်ကြည့်လိုက်မိ၏၊ တကယ်ကိုပင် အထဲ၌ စာအုပ်တစ်အုပ်မျှတောင်မရှိဘူးဆိုသည်ကို သေချာစေရန် ထပ်ကြည့်မိပြန်သည်။ သူ၏ရှုပ်ထွေးနေသော ဦးခေါင်းကို ပြန်မော့ကြည့်လိုက်လျှင် သူ့အရှေ့တွင် ထိုင်နေသော စကတ်အကြောင်းကို မကျေမနပ်ပြောဆိုနေသည့်လူအား တွေ့လိုက်ရသည်။

လိင်: အမျိုးသား။

ရှန်ယွမ်: "...... "

"အန်တီက မင်းကိုမဝတ်နဲ့ပြောတာပဲ၊ မင်းသူပြောသလိုပဲ လုပ်လိုက်ပေါ့"

ပြောကြသည်မှာတော့ စာသင်ခန်းဆိုသည်မှာ တိုင်းပြည်၏ပန်းပွင့်ညှာလေးများကို ပြုစုပျိုးထောင်းပေးသည့် ဥယျာဥ်ဟူ၍၊ သို့သော်ငြား ရှန်ယွမ်သည်တော့ သူ့ကိုယ်သူ ‌စျေးထဲ‌ရောက်နေသလိုသာ ခံစားနေရပေသည်....

ခေါက်ဆွဲခြောက်တွေစားတယ် ၊ ကဒ်ကစားတယ်၊ မိတ်ကပ်လိမ်းတယ်၊
အိပ်တယ်..............အကုန်လုံးက စာလုပ်တာကလွဲပြီး အကုန်လုပ်နေကြတာပဲ။

သူ၏ကျောင်းတွင်ရှိခဲ့သောအချိန်ကို နောက်ကြောင်းပြန်ရမည်ဆိုပါက ကျောင်းအုပ်ကြီးမှာ ကျောင်းဆိုတာ အိမ်လိုပဲ ဟု အမြဲပြောလေ့ရှိခဲ့ပေသည်။ ရှန်ယွမ်လည်း ထိုသည်မှာ အပြောပဲရှိသည်ဟုသာ တွေးထင်ခဲ့ဖူး၏၊ သို့သော် ယခုတွင်တော့ ...သူ တစ်ချက်ပြန်ကြည့်လိုက်သည်။

//Don't Try To Corrupt Me // MM TranslationHikayelerin yaşadığı yer. Şimdi keşfedin