"ခိခိ သခင်လေးကတို့တွေအားလုံးကိုမိအောင်ရှာနိုင်ပါ့မလားနော်"

" ကိုယ်တော်ကတာဝန်ယူချင်ပင်မဲ့ ခမည်းတော်ခေါ်နေပြီ နောက်နေ့ကြမှလူစုံကြမယ်နော် အချစ်ကလေးတို့ "

" နေနတ်မင်းကြီး ကြာပွတ်ရန်မှကင်းဝေးပါစေ သခင်လေး "

တမုဟုတ်ချင်းလေပေါ်ပျံကာအမြန်ဆုံးနည်းနဲ့ပြန်နေသည်။ဘာတာဝန်ဝတ္တရားမှမရှိတဲ့ ဒီကောင်လေးက နေမင်းရဲ့ငါးဆယ့်ကိုးယောက်မြောက်သားတော်လေး ဂု ပင်ဖြစ်သည်။ တာဝန်မရှိလို့အေးဆေးမယ်မထင်နဲ့ သူတစ်ယောက်ရှာတဲ့ပြဿနာကို အကိုတွေငါးဆယ့်ရှစ်ယောက်နဲ့အဖေအမေကရှင်းလို့မနိုင်ဘူး။တစ်နေ့တစ်နေ့တိုင်စာတစ်သီတစ်တန်းဖတ်နေရသည်။

" မယ်မင်းကြီးသားလေးကြွလာပြီလား "

"သားကစောင့်နေတာကြာလှပြီ တန်ခိုးကြီးတဲ့နေမင်းကြီးကို "

" မင်းကိုပင့်ရတာ မိုးနတ်မင်းဆီတွေ့ခွင့်တောင်းရတာထက်ခက်တယ် "

"ခမည်းတော်ကလည်းသားက "

"တော် ဒီနေ့ ဆိုင်းသဘင်အခမ်းနားကိုတက်ပြီး ဖျက်ဆီးပစ်တယ်‌ဆို "

" ဟုတ်ပါဘူး သားကဝင်တီးပေးတာ ခမည်းတော်ရဲ့အမွေတွေပါနေတော့ အားပါပြီးလက်နေမီးတွေထွက်ပြီးလောင်ကုန်တာ "

"အော် ငါ့အပြစ်ပေါ့"

" မင်းအစွမ်းတွေကိုထိန်းချုပ်ဖို့ကျင့်ဆိုလည်းမကျင့်ဘူး ဝာာဝန်တစ်ခုယူဆိုလည်းမယူဘူး နတ်မင်းတွေထဲ မင်းယောင်ခြောက်ဆယ်ဖြစ်နေပြီ"

" အခုဆို အစွမ်းတွေတိုးလာတာ ဆိုင်းသဘင်ပွဲတောင်ပျက်ရတဲ့အထိဘဲလေ "

" ဘာမှထက်မကြားချင်ဘူး တစ်ရာသီလုံး အလင်းရောင်ပေးဖို့တာဝန်ယူရမယ် "

"ဟာ ခမည်းတော်ကဗျာ အကြာကြီးဘဲလေ "

" ဟုတ်ပါတယ်အဖေရယ် ညီ‌တော်လေးကိုအဲ့အပြစ်ဒဏ်ကြီးကမများလွန်းဘူးလား "

" စိတ်မချရင်မင်းတို့ပါလိုက်သွားချေ ဒင်းရှာတဲ့ပြဿနာတွေဖြေရှင်းနေရတာနတ်သက်တမ်းကုန်တော့မယ် "

ဤသို့ဖြင့်လောကကိုအလင်းပေးရန် အငယ်‌ဆုံးနတ်သားလေးကတာဝန်ကိုလွဲပြောင်းယူခဲ့ရသည်။နေမင်းရဲ့သားတော်ဆိုတဲ့အတိုင်းရွှေရောင်ကိုသာဝတ်ဆင်ပြီးလက်စွဲတော်ဓားမြောင်တိုလေးဆောင်လျက်ရှိသည်။ပိတုန်းရောင်ဆံနွယ်တွေကိုထုံးဖွဲ့ကာနေစွမ်းအင်ဆံထိုးဖြင့်ဘလင်းဘလင်းထနေသည့်အငယ်ဆုံလေးပင်ဖြစ်သည်။

Queen Where stories live. Discover now