[Unicode]
အိမ်မက်ထဲကအရှင်သခင်ရဲ့ရင်ငွေ့အတွင်းအိပ်စက်ရတာဘဝရဲ့ဆန်းကြယ်မှုတွေထဲကတစ်ခုဆိုပင်မဲ့ အပိုင်လိုချင်တယ်။ဂျိုဆွန်းဘုရင်ရဲ့ဂုဏ်သတင်းတွေမွှေးလွန်းတယ်ကြားပင်မဲ့အခုလောက်ထိချောမောခန့်ညားမယ်မထင်မိပေ။မျက်ခုံးနက်နက်တွေ၊ဖြောင့်ဆင်းနေတဲ့နှာတံ၊နှုတ်ခမ်းပါးလေးနဲ့အတူမျက်နှာတစ်ခုလုံးအပြစ်ပြောရက်စရာကိုမရှိပေ။
" အရမ်းကိုခန့်ညားလိုက်ပါဘိ။ "
" တော်ကောက်ချင်စိတ်မရှိဘူးလား ......!!
ကိုယ်တော့်ကို တော်ကောက်ပါလား "
ပါးလေးတွေထက်လက်ချောင်းလေးတွေနဲ့တို့ထိနေတုန်းမျက်လုံးဖတ်ကနဲပွင့်လာပြီးထိုလက်ချောင်းလေးတွေကိုဆွဲယူကာရင်ဘတ်ပေါ်တင်သည်။
" ဂျိုဆွန်းပြည့်ရှင်က ဟာသနှောတက်တာဘဲ
မင်ကိုယ်လက်သန့်စင်ချင်ပြီ "
" အိပ်နေတုန်းကြည့်ရင်ဘယ်နှယ့်ချောမောပါ့မလဲ
ကိုယ်တော်ကအခုလိုလေးမေးထောက်ပေးထားမှာပေါ့ သက်ညှာ "
ဘေးတစ်စောင်းလှဲ၍လက်တစ်ဖက်နဲ့ခေါင်းကိုထောက်ကာ ပြေကျနေတဲ့ဆံနွယ်တွေကိုလက်နဲ့တစ်ဖက်ကိုသိမ်းရင်းမျက်ခုံးပင့်ပြလာသည်။
" အို......စိုးရွံမိပါတယ် ပြည့်ရှင်မင်းက ခန့်ညားလွန်းလို့ ပြစ်မှားမိတာပါ "
" တာဝန်ယူပေးပါ ကိုယ်တော့်အားပြစ်မှားတာကိုတာဝန်ယူနဲ့အနေနဲ့ ဂျိုဆွန်းပြည်ကိုလိုက်ပြီး မိဖုရားလုပ်ရမယ်......"
" မဖြစ်နိုင်တာတွေ မဖြစ်သင့်ပါဘူး မင်းကြီး
မင်က မိန်းကလေးမှမဟုတ်တာ....."
" အင်း.....ကိုယ်တော့်ရှေ့က မိန်းကလေးမဟုတ်သလို လူသားလည်းမဟုတ်ဘူး နတ်သက်ကြွေလာတဲ့ ငွေရောင်လေး.....!! "
" မင်.....မင်.....ပြန်လိုက်ပါအုန်းမယ် "
ကိုင်ထားတဲ့လက်ကိုအတင်းဆွဲရုန်းပြီးအပြင်ဘက်ကိုပြေးထွက်သွားတော့သည်။ဒါလေးမှမပါရင်ဂျိုဆွန်းပြည်ပြန်မကြွဘူးဟေ့။