[Unicode]
အချိန်အားဖြင့်မနက် 11နာရီမှာဖြစ်သည်။တစ်ခန်းလုံးအမှောင်ဖုံးနေတဲ့အတွက်နေရောင်ကဘယ်ကနေဝင်ရောက်ရမှန်းမသိဖြစ်နေသည်။ မျက်လုံးဖက်ကနဲ့ဖွင့်ကြည့်လိုက်တဲ့အခါအိမ်မက်မဟုတ်ဘူးဆိုတာသိရလို့ ရင်ခွင်ထဲလူသားလေးကိုအဝနမ်းရှိုက်မိသေးသည်။ ပုစွန်တုပ်ကွေးလေးလို့အိပ်နေတဲ့ကလေးကိုစောင်နဲ့သေချာပတ်ပေးပြီးမှဝတ်ရုံတော်ကောက်စွပ်ကာအောက်ထပ်ဆင်းလာလိုက်သည်။" ဂိုဏ်းချုပ် မနက်စာ....စားတော့မလား "
" အရင်ဆုံး ရဲတိုက်တစ်ခုလုံးကိုအနက်ရောင်တွေဖယ်ပစ် ငါ့အခန်းထဲကို အဝါနုရောင်တွေဆင်ပေး "
" ဟုတ်ကဲ့ပါ... "
" အခန်းထဲဝင်ရင် အိပ်နေတဲ့သူကိုမျက်လုံးတောင်ယောင်ပြီးမကြည့်မိစေနဲ့ ၊သူမနိုးလာစေနဲ့ သေချာလုပ် "
" ဟုတ် ဟုတ်ကဲ့ပါ "
"ဂျင်ရော.....? "
" မင်ယွန်းဂီနဲ့ခြံထဲမှာပါ ဂိုဏ်းချုပ်.... "
" ကောင်းပြီ .....ပွဲတော်တည်ဖို့အတွက် ငါ့မိဖုရားကြိုက်တာတွေပြင်ထားပေး "
သူမှာစရာရှိတာမှာပြီးမှကိုယ်လက်သန့်စင်ဖို့ပြင်သည်။ရေချိုးပြီးတာနဲ့ formal suit အဖြူရောင်ကိုဝတ်ဆင်လိုက်သည်။ဂုတ်ထောက်နေတဲ့ဆံနွယ်ကိုစုစည်းကာထုံးလိုက်ပြီးအောက်ထပ်ဆင်းလာလိုက်သည်။
" ထမင်းပြင်....."
" မစားသေးဘူး မိဖုရားနိုးမှအတူစားမှာ....."
ခြံထဲဆင်းကာဂျင်တို့စကားဝိုင်းဆီလာခဲ့လိုက်သည်။သူတို့ဆွေးနွေးလည်းဘာရှိမှာတုန်း သေနတ်ကိစ္စဘဲရှိမှာပေါ့။အခုလိုသေနတ်တွေရောင်းတယ်ဖောက်ကားဖြစ်တာလည်း ကိုယ့်ဘဏ္ဌာတိုက်ကိုယ်ပြန်ဖောက်ပြီးဇာတ်မြုပ်နေခဲ့ရာကနေ သေနတ်တွေကြိုက်လို့ဝယ်ဖြစ်ခဲ့သည်။တစ်ခြားသူတွေကလာဝယ်ရင်းလုပ်ငန်းကြီးကိုဖြစ်သွားတော့သည်။ ရှင်ဘုရင်တစ်ယောက်ရဲ့ဘုန်းတခိုးကမသေးကိုး ကိုယ့်ဟာကိုယ်မို့ပြောတာမဟုတ်ပင်မဲ့ဘယ်ဘဝရောက်ရောက် ရှင်ဘုရင်ဇာတာကပျောက်ပျက်မသွားပေ။
" ကယ် ဆိုစမ်း "
" စင်ကာပူက ဝယ်လက်အကြောင်းပြောနေကြတာပါ....."