Queen part _40

583 47 15
                                    

[Unicode]
အိမ်ရှေ့စံလေးမင်ဝူရဲ့ခုနှစ်လပြည့်တဲ့နေ့မှာတိုင်းပြည်အနှံကိုဆေးဝါး၊အစားအသောက်နဲ့အဝတ်အစားတွေလှူဒါန်းသည်။‌သို့ပင်မဲ့နေ့မကူးဘဲ ကပ်ဆိုးတွေဝင်ရောက်လာသည်။

" မင်းကြီး.......အင်ချွန်းပြည်နယ်ပိုင်းမှာ အရေပြားယားယံမှုတွေမြင့်တက်လာတယ်ပြောပါတယ် "

" မင်းကြီး ယခုဘဲတိုင်စာဝင်လာတာ ဂျိုဆွန်းပြည်မထဲက ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်နေတယ်လို့ပါ "

" မင်းကြီး.......ဘူဆန်ပြည်နယ်ဘက်မှာပြည်သူတွေအတုံးအရုန်းသေဆုံးနေကြပါတယ် "

" အမိန့်ချမယ်.......ပြည်နယ်တိုင်းအတွက် သမားတော်နဲ့ရဲမက်တွေချထားပေးလိုက် ဒီကိစ္စကို ပညာရှိအမတ်ကြီးဂင်ကိုယ်တိုင်ဉီးဆောင်ပါ ညီလာခံနားကြမယ် "

မင်းကြီးဟာသူ၏အထိန်းတော်ဂျင်နဲ့အတူမြောက်နန်းဆောင်ကိုအစောတလျှင်ပြန်ကြွနေသည်။ယခုသတင်းဟာနန်းတော်တစ်ခုလုံးကိုပျံနှံနေပြီမို့သက်ညှာနားကိုပေါက်နေလောက်ပြီဖြစ်သည်။

" မောင်တော်.......ဘယ်လိုဖြစ်ရတာတုန်း တစ်ပြိုင်နက်ထဲရယ် "

"  ဘာမှမဖြစ်ဘူး မောင်တော်အကောင်းဆုံးဖြေရှင်းနေတယ် သားတော်ကြောင့်လုံးဝမဟုတ်ဘူးနော် သက်ညှာ "

" ဒါပင်မဲ့.......နန်းတွင်းသူတွေပြောနေကြတာ သားတော်ကြောင့်ဆို သားတော်ကကံဆိုးစေတယ်လို့ပြောနေကြတယ် မောင်တော် "

" ဒါကြီးကကပ်ဆိုးမဟုတ်ဘူးသက်ညှာ ကြိုတင်ကြံစည်ထားတာ အိမ်ရှေ့စံတစ်ယောက်ရဲ့ဖြတ်ကျော်ရမဲ့ပထမဆုံးခြေလှမ်းဘဲသက်ညှာ "

" မင်တကယ်စိတ်မကောင်းဘူးရယ် လူတွေလည်းသေနေတယ်ကြားတယ် ဘာရယ်ကြောင့်ဘဲဖြစ်ဖြစ် သားတော်ကိုဉီးတည်ပြီးလုပ်ကြတာကြီးမှာ ပြည်သူတွေကိုမြေစာပင်လုပ်စရာမလိုဘူးလေ "

" မောင်တော်အကောင်းဆုံးကိုင်တွယ်မှာပါသက်ညှာ......မင်း‌ကသားတော်လေးကိုသာအကောင်းဆုံးပျိုးထောင်ပေး‌နော်

မောင်တော့်တုန်းက‌ဆိုသုံးလသားအရွယ်ထဲကအဆိပ်ခပ်ခံရဖူးတယ် သက်ညှာ "

Queen Where stories live. Discover now