အပိုင်း 21 Uni

Start from the beginning
                                    

"သားတော်..ဒီတာ၀န်ကို သားတော်ဘဲ တာ၀န်ယူစေချင်တယ် ..ဒါခမည်းတော်ရဲ့ နောက်ဆုံးဆန္ဒတစ်ခုပါဘဲ..ရှောင်ကျန့်ရှိနေရင် ရှောင်ပြည်သူပြည်သားတွေ ဘာဒုက္ခမှ မကျရောက်အောင် သားတော်ကာကွယ်ပေးရမယ်နော်...ခမည်းတော်သားကို ယုံကြည်တယ်..သားတော် လုပ်နိုင်တယ်မဟုတ်လား.."

ရှောင်ကျန့်မှာ ၀မ်းနည်းလာရသည်။အဖေတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ဖြစ်နေတာကြောင့်ရော ခွဲခွာရ‌မှာကြောင့်ရော ရှောင်ကျန့်၀မ်းနည်းမိသည်။

"သားတော်..အစွမ်းကုန်..တာ၀န်ထမ်းဆောင်မှာပါ.."

"ခမည်းတော်..၀မ်းသာပါတယ်.."

ရှောင်မင်းကြီးမှာ နောက်ဆုံးထွတ်သက်
လေတစ်ချက် ရှူသွင်းလိုက်ပြီး 2မိနစ်လောက်
လေမရှူဘဲရှိနေသည်။နောက်ဆုံးကျ အသက်ထွက်သွားကာ ရှောင်မင်းကြီးရဲ့ ခေါင်းမှာ ဘေးတစ်စောင်းလဲကျသွားသည်။
လက်ဖျားများကလည်း စတင်၍အေးစက်လာကြသည်။

"ခမည်းတော်!!!.."

၀မ်ပန်းတနည်းငိုရှိုက်သံများဟာ နန်းဆောင်အတွင်းဆူငြံနေသည်။အပြင်ဘက်တွင် တံခါးကို မှီကာ ပလွေကို ပိုက်ထားလျက် ထိုမြင်ကွင်းကို ခပ်ပြုံးပြုံးအမူအရာဖြင့် ရပ်ကာကြည့်နေသော ၀မ်ရိပေါ်ကို မည်သူမျှ သတိထားမိလိမ့်မည်မထင်ပေ။

_______

7ရက်အကြာ...

"အစ်ကိုတော်က အကြီးဆုံးဆိုတော့..ထီးနန်းအရိုက်အရာကို အစ်ကိုတော်ဘဲပိုင်ဆိုင်သင့်ပါတယ်.."

ရှောင်ကျန့်က တံဆိပ်တုံးထည့်ထားသော ဘူးတစ်ခုကို ရှောင်ချောင်ထံပေးရင်းပြောသည်။ရှောင်ကျန့်စကားကို နောက်ကနေ သံယောင်လိုက် ပြောရင်းခေါင်းတဆတ်ဆတ်ငြိမ့်နေသူကတော့ ရှောင်ချီဖြစ်သည်။ ရှောင်ချောင်က တံဆိပ်တုံးဘူးကို ရှောင်ချီထံပို့ရင်း

"ခမည်းတော်အချစ်ဆုံးက အငယ်ဆုံးရှောင်ချီဆိုတော့....ညီးတော်3ဘဲ ထီးနန်းဆတ်ခံလိုက်ပါ..သားတွေထဲ အငယ်ဆုံးကို ဦးစားပေးသင့်တယ်လို့ အစ်ကိုတော်ထင်တယ်."

ရှောင်ချီက ရှောင်ချောင်ထံပေးလိုက်၊ရှောင်ချောင်က ရှောင်ကျန့်ထံပေးလိုက်နှင့် သံသရာလည်နေတော့သည်။နောက်ဆုံး ရှောင်ချီက အကြံတစ်ခုရသွားကာ တံဆိပ်ဘူးကို ကိုင်လျက် ရှောင်ချောင်ကို ဆွဲခေါ်ပြီး အနားကို ကပ်ကာ ခပ်တိုးတိုးလေးဖြင့်

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now