အပိုင်း 9 Uni

204 11 15
                                    

  
 ‌သံတမန် ရေးရာအမတ်မင်း ‌ချင်းကျားဝေက အမတ်များကြားထဲမှ ရှေ့ထွတ်လာကာ

"မင်းကြီး...လျှိုတိုင်းပြည်က သံတမန် နောက်15ရက်နေရင် ရောက်လာတော့မှာပါ။ကြိုဆိုပွဲအတွက် အခုကတဲ့က ကြိုတင်ပြင်ဆင်သင့်ပါတယ်....ရှောင်တိုင်းပြည်က ဧည့်ခံမကောင်းဘူးလို့ သတင်းထွတ်ရင် တိုင်းပြည်ဂုဏ်သက္ခာကျဆင်းနိုင်ချေရှိပါတယ်..မင်းကြီး.."

"ကောင်းတယ်...ငါကိုယ်တော်ကိုယ်တိုင် ..ကြိုဆိုပွဲကို စီမံကွတ်ကဲမယ်...နောက်ထပ် တင်ပြစရာရှိသေးလား..မရှိတော့ရင်..ညီလာခံသိမ်းမယ်..."

   လက်ဝဲဘက်တွင် ရပ်နေသော အမတ်ကြီးများထဲမှ ပြည်နယ်ဖူလှုံရေး အမတ်ကြီး ဒုစစ်ကျန်းမှ

"မင်းကြီး....နယ်စပ်ဒေသမှာ တောတွင်းပုံး ဓါးပြတွေ သောင်းကျန်းနေပါတယ်...ကျွန်တော်မျိုး...မင်းသား2ကိုသွားရောက်ဖြေရှင်းစေချင်ပါတယ်..မင်းကြီး.."

   ရှောင်ဖုန်းချီမှာ ခေါင်းတဆတ်ဆတ်ငြိမ့်လျက် လက်ယာဘက်တွင် ရပ်နေသော သားတော်သုံးယောက်ဘက်လှည့်ကာ

"သားတော်2 ..တာ၀န်ထမ်းဆောင်နိုင်တယ်မဟုတ်လား..."

"သားတော်..အစွမ်းကုန်ထမ်းဆောင်ပါ့မယ်.."

"ကောင်းတယ်...ဒီလိုဘဲသတ်မှတ်လိုက်ပြီ..ညီလာခံသိမ်းမယ်.."

  
  ညီလာခံအတွင်းမှ ရှောင်ကျန့်ထွတ်လာခဲ့လိုက်သည်။စိတ်ဓါတ်ဟာ ဘုန်းဘုန်းကို ကျနေရသည်။ဘာကြောင့်လဲလာမမေးနဲ့
ဓါးပြ သွားရှင်းရမှတော့ ဘယ်မှာ ၀မ်၀မ်အနားကပ်ချိန်ရှိတော့မှာလဲ..။

   ရှောင်ကျန်းခြေဦးလှည့်လိုက်သည်က မို့ရီရှူးအိမ်ကို ဖြစ်သည်။မို့ရီရှူးအိမ်ကိုမ၀င်ခင်
ပိုင်ယွဲ့စီအရင်သွားကာ အရင်ခေါ်လာရသည်။နောက်ကျမှ မို့ရီရှူးအိမ်ဘက်သို့ သွားရသည်။

   အိမ်ခြံ၀င်းထဲတွင် ရွှေရောင်များက
တလတ်လတ်တောက်ပနေကြသည်။သစ်ပင်တစ်ပင်တိုင်းတွင် ပင်စည်ကို ရွှေရောင်
ကြိုးမျှဉ်များဖြင့် လက်ရာမြောက်လှစွာ ထုလုပ်ထားသော ခေါင်းလောင်းလေးများက လေတစ်ချက်ဝေ့အတိုက် ချလွင်!!ချလွင်!!ဟူသော အသံများထုတ်လွှတ်ပေးနေ‌သည်။အိမ်တော်အတွင်းရှိ အစေခံများက အလွန်အင်မတန်အလုပ်များနေကြသည်။ခါတိုင်းနေ့များနှင့် မတူစွာ ဒီကနေ့ အလွန်ကို စေ့စေ့စပ်စပ် ကြည့်ရှူ့နေသော မို့သခင်လေးရဲ့ မျက်စိရှေ့တွင် မည်သူမျှရေသာ မခိုရဲပေ။။
  မို့သခင်လေးရဲ့ မျက်မှောင်ကုတ်နေသော မျက်နှာထားကြောင့် သန့်ရှင်းရေးလုပ်နေကြသော အစေခံတိုင်း ကျောတွင် ချွေးများရွှဲနှစ်နေကျသည်။မို့သခင်လေးရဲ့ ညာဘက်လက်တစ်ဖတ်တွင် ရွှေအနားကွတ်များဖြင့် ပြုလုပ်ထားသော ကြာပွတ်နီညိုရောင်ကြီးကြောင့် လူတိုင်း အလုပ်ကို သတိရှိစွာလုပ်နေကြသည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now