အပိုင်း 20 Uni

191 11 16
                                    


   ရွှေရောင်ခေါင်းလောင်းလေးများက လေရူးရာယိမ်းနွဲ့ နေလျက်ရှိသည်။ရံဖန်ရန်ခါ ချလွင်!!ဟူသောအသံမှာ သာယာနာပျော်ဖွယ်ကောင်းလွန်းလှပေသည်။မို့လျန်ချင်းမှာ ၎င်းခေါင်းလေးများကို မော့ကြည့်ရင်း တွေးတောနေမိသည်။
  ရှောင်ချီဆိုသောသူကို သိပ်သဘောမကျချင်ပေ။တွေ့တွေ့ချင်းကို အိမ်တော်အပါခေါ်ချင်နေသောကြောင့်လည်းမဟုတ်ပေ။ဒီတိုင်းထို လူက သဘောမကျခြင်စရာကောင်းနေခြင်းဖြစ်သည်။
  ရင်ဘက်တွင် ကျန်ရှိနေသေးသော သံပြားအပူဖြင့် အကပ်ခံထားရကာ အနာမကျပ်သေးဘဲရှိနေသဖြင့် တချပ်တချပ် အောင့်တတ်လာသည်။‌မွေးစားအဖေအကြောင်းကို တွေးမိပြန်တော့ စဉ်းစားစရာတွေကတော့အများသား။ သူကိုယ်တိုင်မလိုချင်လို့ ရောင်းစားခဲ့တဲ့သူကို အခုမှဂရုစိုက်ပြနေတာက ဘာသဘောလဲ?။

"ချင်းအာ..."

  မို့လျန်ချင်းနောက်ကျောဘက်စီမှ အသံလာရာကို အကြည့်ပို့မိသည်။၀တ်ထားသော စိမ်းပြာအင်္ကျီလေးဖြင့် အပြုံးဖျော့ဖျော့လေးနှင့် ‌‌သူ့ကို စိုက်ကြည့်နေတာကြောင့် အကြည့်လွှဲမိသည်။အကုန်လုံး သေချာမဖြေရှင်းရသ၍တော့ သူ မွေးစားအဖေကို အစွမ်းကုန်ကာကွယ်ပေးနေမည်ဖြစ်သည်။အကယ်လို့ သေသင့်တဲ့ ပြစ်မှုသူ့အပေါ်လုပ်ထားတာ မှန်ခဲ့လျှင် တစ်ခြားလူကိုယ်တိုင် သတ်မှာထက် သူ့လက်နဲ့ ကိုယ်တိုင် အဆုံးသတ်မိမည်။မွေးစားအဖေကိုယ်တိုင် ရွေးချယ်ရမဲ့အရာတစ်ခုထဲတင်ဘဲ ။အဲ့ဒါက ချင်းအာလက်ထဲမှာဘဲ သေရမယ်။

"မွေးစားအဖေ..."

  မို့ရီရှူးက သွက်သွက်လပ်လပ်ဖြင့် မို့လျန်ချင်းရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး အနားစီကပ်တိုးကာ

"ချင်းအာ...မင်းသား3စီကို ပို့ထားချင်တယ်.."

"ပိုင်ယွဲ့ကိုလား...ကောင်းတာဘဲလေ..ဘာဘဲဖြစ်ဖြစ် အဖေကို ကာကွယ်ပေးမှာပါ..အဖေစိတ်မပူပါနဲ့.."

  ထိုစကားကြားတော့ မို့ရီရှူးမှာ မျက်နှာငယ်လေးဖြစ်သွားကာ

"ဘယ်သူပြောလဲ...ချင်းအာ...ပိုင်လေးက ဒီတိုင်းကိုယ်ရံတော်မဟုတ်ဘူး..မင်းရဲ့ နောင်တချိန်ကျ မွေးစားအမေဖြစ်လာမဲ့သူ..
မင်းသား3စီပို့ချင်တာက မင်းကို.."

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now