အပိုင်း 27 Uni

177 11 11
                                    


"ဟိုဘက်လှည့်မယ်...ဒီလိုယိမ်းမယ်...ဒီဘက်ကို ဟောဒီလိုပြန်လိမ့်...လိမ့်ပြီးတဲ့ဘက်ကို ခေါင်းပြန်လိုက်...လိုက်ဆိုကြ!!...ဘာတဲ့လဲ.."

"မင်းကြီးနဲ့..မိဘုရားကြီးတို့ သက်ဆုံးတိုင်ပေါင်းရပေါစေ.."

"မကြားရဘူး...မကြားရဘူး...မကြားရသေးဘူး!!...ကျယ်ကျယ်လေး!!"

"မိဘုရားက မင်းကြီးရဲ့ အထက်‌ရောက်နေပါတယ်ဘုရား.."

"......."ရှေ့တွင်အတိုင်ပင်ခေါ်နေသူ!!

  ဒီကနေ့ညနေခင်းအချိန်ပိုင်းလေးအတွင်း ရှောင်ကျန့်က အမတ်ကြီးများကို ထပ်မံပြီး အကတိုက်နေသည်။မနက်ဖြန် ဘာပြဿနာမှမဖြစ်ချင်တာမို့ ဘာအမှားမှ မပါရလေအောင် အစီစဉ်ကျနစွာ ပြန်လည်သင်ကြားနေသည်။ခေါင်းတွင် ကျင့်သားရစေရန် အမျိုးသမီးများရဲ့ ဆံထိုးအများအပြားနှင့် ဆံတိုးအတွဲလေးများကို ထိုးစိုက်ထားလို့ထားသည်။သို့မှသာလျှင် ရှောင်ကျန့်က မနက်ဖြန်တွင်  ဆံထိုးနှင့် ကျင့်သားရနေမည်ဖြစ်သည်။
  အမတ်များက နေ့လည်ခင်းအချိန်ပိုင်းတုန်းက ၀မ်ရိပေါ်ကနေ ရှောင်ကျန့်ကို ပွေ့သွားတာကို တွေ့မြင်လိုက်ရတာကြောင့်  အမတ်ကြီးများက စိတ်အချဉ်ပေါက်စွာဖြင့် ထဖောက်လိုက်ရခြင်းဖြစ်သည်။

"ငါဒီအပိုင်းမပါသလားလို့...."

 
  လက်ဝဲအမတ်ကြီးက ခန္ဓာကိုယ်ကို ဆောင်းကြာမြိုင်က သူဌေးမကြီးလို ဟန်ပန်အမူအယာနွဲ့နှောင်းလျက်

"မင်းကြီး...အဲ့အပိုင်းက..ကျွန်တော်မျိုးတို့ ဒီကနေ့မှ ထပ်ထည့်လိုက်တာပါ...ခစ်!..ခစ်!"

  လက်ကိုင်ပဝါကို ပါးစပ်တွင်အုပ်လျက် ရီနေသည်။ရှောင်ကျန့်က ထပ်ပြီး မစစ်ဆေးတော့ရန် ပြန်သာလှည့်လာခဲ့လိုက်တော့သည်။နောက်တွင် ကျန်ခဲ့သော အမတ်ကြီးများမှာ ရှောင်ကျန့် မရှိတော့မှ နွဲ့နောင်းသော အမူအယာများ ချက်ခြင်းပျောက်သွားရကာ အင်္ကျီကိုယ်ကျပ်များကို ဆွဲခွာလိုက်ပြီး အမောဖြေနေတော့သည်။မဂ်လာဆောင် မရောက်သေးခင် ရက်တွေက သူတို့အဖို့ ငရဲစခန်းကြီးနှင့် တူနေတော့သည်။

___________

   ထောင်အခန်းအတွင်း ညှီစို့စို့အနံ့အသက်များက စိတ်ငြီးငြူဖွယ်ကောင်းလွန်းလှသည်။သံတိုင်များဖြင့် ပြုလုပ်ထားသော ထောင်တစ်ခု၏ ဒေါင့်တစ်ခုတွင် ကြွက်တစ်ကောင် ဖြတ်ပြေးသွားသည်။ထည့်ပေးသော ဆံပြုတ်များမှာ ရက်အတော်ကြာ မသောက်ထားတာကြောင့် အောက်သိုးသိုး အနံ့များ လေထဲတွင် ပျံ့နှံ့လျက်ရှိသည်။
  ဖုန်တတ်နေသော စားပွဲခုံပေါ်တွင် အနက်ရောင်၀တ်စုံနှင့် မျက်နှာဖုံးကို ၀တ်ဆင်ထားသော လူတစ်ယောက် ထိုင်နေသည်။ထိုလူက မလှုပ်မရှပ်ဖြင့် ဆောင့်ကြောင့်ထိုင်နေသည်မှာ အသက်မရှိတော့သည့်အလား ထင်ရပေသည်။
  ထိုသို့ ထိုင်နေတာကြောင့်လည်း ထောင်စောင့်များမှာ ထိုလူကို အသက်မရှိတော့ဘူးလားဟု အနားကပ်သွားကာ အသက်ရှူမရှူ စမ်းကြည့်နေကြ ဖြစ်သည်။သို့ပေမဲ့ ထိုလူက အသက်ရှိနေသေးသည်။
 
  ထောင်ရဲ့ သံကြေးတတ်နေသာ တံခါးက ကျွီကနဲ့ ပွင့်လစ်သွားကာ အနီရောင် ၀တ်စုံနှင့် ၀မ်ရိပေါ် အခန်းအတွင်းသို့ ၀င်လာလေသည်။ထောင်စောင့်ကို ၀မ်ရိပေါ်က အပြင်ဘက်တွင် မစောင့်ရန် ပြောခဲ့တာကြောင့် ထောင်စောင့်ဟာ ထိုအခန်းနှင့် ဝေးရာကို သွားရောက်အနားယူနေတော့သည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now