ဇာတ်သိမ်းပိုင်း (final)

395 18 11
                                    


  မို့လျန်ချင်းက ရှောင်ချီဘေးဘက်ရှိ အံဆွဲထဲမှ သေတ္တာတစ်လုံးထဲတွင် ထည့်ထားသော အမွှေးအိတ်ကလေးကိုမြင်ခိုက် ရှောင်ချီမှာ မျက်နှာဖုံးအရှင်ဆိုတာကို သိသွားခဲ့ရခြင်းဖြစ်သည်။ထိုအမွှေးအိတ်ကလေးရဲ့ ကိုယ်ထည်ပေါ်တွင် ငွေရောင်အမျဉ်လေးများဖြင့် ချည်ထိုး‌ထားသော အမည်လေး2လုံးတည်ရှိနေသည်။အမည်ထိုးထားသည်ကို သေချာကြည့်ရှု့မှသာလျှင် မြင်တွေ့ရမည်ဖြစ်ကာ ထိုအိတ်အပေါ်တွက် ရေးထိုးထားသည်က

'လျန်ချင်း'

ဆိုတဲ့အမည်လေး2လုံးဖြစ်သည်။အဲ့ဒါကြောင့်လည်း အိတ်ကလေးကို သူ့နေရာနှင့်သူ နေရာတစ်ကျပြန်ထားလိုက်ပြီး ထထွတ်လာခဲ့သည်။ပြန်ရောက်တော့ ရှောင်ချီရဲ့ အမူအယာဟာ အတော်လေးပြောင်းလဲနေတာကိုသတိထားမိလိုက်သော်လည်း ဟန်မပျက်နေသည်။နေ့လည်ခင်းပိုင်း လုပ်ကြံသူများတိုက်ခိုက်လာတာကိုလည်း ဟန်ဆောင်ကာ ရှောင်ချီအယောင်ဆောင်ထားသော သူကို ကာကွယ်ခဲ့သည်။

   တောင်ဘက်ဂိတ်ကို ရောက်တော့ မြင်လိုက်ရသည်က ပိုင်ယွဲ့၏ အင်္ကျီအ၀တ်စားများက သွေးခြင်းခြင်းနီလျက်ရှိနေပြီး ဒဏ်ရာအပေါက်များထဲမှ သွေးများယိုစီးနေသည်။ပိုင်ယွဲ့တင်းတင်းကျပ်ကျပ် ပွေ့ချီထားသော အရာကို မြင်ခိုက် မို့လျန်ချင်းမှာ ဘာမှမတုန့်ပြန်နိုင်တော့ချေ။ မို့ရီရှူးမှာ သတိမေ့မြောနေကာ ၀တ်ထားသော အစိမ်းနုရောင် အင်္ကျီလေးမှာ သွေးများရွဲနစ်နေကာ အနက်ရောင်သို့ ပြောင်းလဲလို့နေလေပြီ။
   ‌အပေါ်ကို မော့ကြည့်မိတော့ မြှားတစ်ချောင်းဖြင့် ပိုင်ယွဲ့ကို ချိန်ပြစ်နေသဖြင့် အမြန် သွားရင်း ကိုယ့်လည်ပင်းကို ဓါးဖြင့် ချိန်ရွယ်မိသည်။သူ့ကိုယ်သူ ချိန်ရွယ်ရင် ရှောင်ချီ
မပြစ်ဘူးအထင်နှင့်ဖြစ်သည်။ရှောင်ချီက သူ့ကို ဂရုစိုက်သည် မဟုတ်ပါလား။

"ရှောင်ချီ!!.....မင်းထပ်ပြစ်တာနဲ့...ကိုယ့်ကို ကိုယ်သတ်သေပြစ်မယ်..!!"

  ထိုစကားကို အံကြိတ်ပြီး မို့လျန်ချင်း လည်ပင်းကို ဓါးဖြင့် ချိန်ရွယ်လို့ထားသည်။

  မျက်နှာဖုံးနှင့်လူမှာ ဂရုမစိုက်ဘူးဟူသော အမူအယာဖြင့် နှုတ်ခမ်းတွန့်ကွေးပြုံးရင်း မြှားဖြင့် ပိုင်ယွဲ့၏ ညာဘက် ဒူးခေါင်းကို ပြစ်ချလိုက်သည်။
ပိုင်ယွဲ့မှာ ဒူးတစ်ဖတ် ထောက်လျက် ကျသွားပြီး မေ့မြောနေသော မို့ရီရှူးကို အမြန်ထိန်းလိုက်ပြီး တောင့်ခံထားကာ ပြန်လည် မတ်တပ်ရပ်လိုက်သည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Tahanan ng mga kuwento. Tumuklas ngayon