အပိုင်း 4 uni

719 63 8
                                    

"သားတော် ခမည်းတော်ကို ဂါ၀ရပြုပါတယ်"

"ထနိုင်ပြီ"

"ဟုတ် .....ခမည်းတော်..နေမကောင်းလို့ဆို...သားတော်ကြားမိလို့..နယ်စပ်ဒေသကနေ...အမြန်ပြန်လာခဲ့ရတာ..အခုနေထိုင်ကောင်းပါရဲ့လား..."

  ပလ္လင်ပေါ်တွင် မုတ်ဆိတ်မွှေးအဖြူရောင်များနှင့် ပါးရည်နားရည်တွန့်နေကာ ချောင်းတဟွတ်ဟွတ်ဖြစ်ဆိုးနေသော ရှောင်တိုင်းပြည်၏ ဘုရင် ရှောင်ဖုန်းချီ။
   အခုတလောရောဂါအခြေအနေက တစ်နေ့ထက်တနေ့ ပိုပိုဆိုးလာခဲ့သည်မို့ နယ်စပ်ဒေသတွင် သွားရောက်ကာ တာ၀န်ထမ်းဆောင်လျက်ရှိသော ရှောင်ကျန့်ကို အမြန်နန်းတော်သို့ ပြန်လာစေခဲ့ခြင်းဖြစ်သည်။
  ရှောင်ဖုန်းချီမှာ သားတော်စုစုပေါင်း 3ယောက်ရှိလေရာ။သာတော်ကြီးနှင့် သားတော်လေးက နိုင်ငံရေးစိတ်၀င်စားသူများမဟုတ်ကျလေတော့ သားတော်လတ်ဖြစ်သော ရှောင်ကျန့်ကို သူမသေခင် ထီးနန်းအရိုက်အရာကို ဆတ်ခံစေချင်သော နောက်ဆုံးဆန္ဒတစ်ခုဖြစ်သည်။

"ဖမည်းတော်လည်း အသက်ကြီးနေပြီ...ချစ်သား...မိဘစည်းစိမ် ဥစ္စာဆိုတာ သားသမီးပိုင်ဆိုသလို..ထီးနန်းအရိုက်အရာဆိုတာလည်း..ဖမည်းတော် ကွယ်လွန်ပြီးသော် ..သားတော်တို့က တစ်နည်း မဟုတ် တနည်းနဲ့ ဆတ်ခံရမယ်ဆိုတာ သားတော်လည်း သိတယ်မဟုတ်လား.."

   ရှောင်ကျန့် ခဏတာမျှ စဉ်းစားလိုက်သည်။ ပိုင်းယွဲ့စီမှ မေးသင့်မေးထိုက်တာကို အကုန်မေးပြီးခဲ့ခြင်းဖြစ်လေရာ သိုင်းပညာ၊တိုင်းပြည် အုပ်ချုပ်ရေး၊မှတ်ဉာဏ်များ အစရှိသော  အရင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ရှောင်ကျန့် သိနေခဲ့ပြီဖြစ်သည်။သို့သော် ရှောင်ကျန့် ပုလ္လင်ကို မဆတ်ခံနိုင်ပါ။ အစ်ကို 1နဲ့ ညီတော်3တို့က ရောဒီတိုင်းငြိမ်နေမှာတဲ့လား။အချစ်ဆုံးသားတော်ဖြစ်တာနဲ့ဘဲ ထီးနန်းကို ဆတ်ခံရမယ်ဆိုတာ မဖြစ်သေးပါဘူး။နောက်ထပ်တစ်ခုကတော့
အာ...ပြောရင်နဲ့တောင် စိတ်ညစ်ချင်စိတ်ပေါက်လာပြီ..သောက်ဂွဘဲ...အဲ့အထက်ကဆိုတဲ့ ပုဂ္ဂိုလ်ကိုလေ ရှောင်ကျန့်နဲ့သာတွေ့ကြည့် လေးဂွအကြီးကြီးထဲ ထည့်ပြီး
လောက်စလုံးပြစ်သလို ပြစ်လိုက်ချင်တယ် ဟန့်...

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Opowieści tętniące życiem. Odkryj je teraz