အပိုင်း 3 Uni

485 28 0
                                    

၀မ်တိုင်းပြည်ဟာ အလွန်းအမင်းပျက်စီး ယိုယွင်း၍နေလေ၏။အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်လခန့်က ရှောင်တိုင်းပြည်ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရ၍ဖြစ်သည်။
စစ်အင်အား၊လူအင်အား၊စိတ်ဓါတ်၊ခွန်အား ၊ယုံကြည်မှု မည်သည်မှ မယှဉ်နိုင်ခဲ့ပေ။၀မ်ဘုရင် ၀မ်လူ့ရင် ရဲ့ ဝဲ၊ယာ အမတ်များက အစောကြီးကတဲ့က သစ္စာဖောက်များဖြစ်နေကြခြင်းဖြစ်သည်။၀မ်ဘုရင် မသိသည်က အကြံစည်အကုန်လုံးဟာ ၀မ်ဘုရင်ရဲ့ချစ်လှစွာသော မိဘုရားမှ အကွက်ကျကျ ကြံစည်ထားခဲ့ခြင်းကြောင့် ယခုလို အခြေနေမျိုးကျရောက်ခဲ့ရသည်။

"မင်းသား...အမြန်ပြေးပါ.."

ပြတင်းပေါက် တစ်ဘက်ခြမ်းက မီးစွဲနေသော သစ်ပင်အိုကြီးကို ကြည့်နေသော အနီဖျော့ရောင်၀တ်လူငယ်တစ်ဦး၊မျက်၀န်းများကို ကြည့်ရုံဖြင့် ထိုလူငယ်မည်မျှထိ ၀မ်နည်းနေကြောင်း၊ကို အတင်းချုပ်တည်းထားရဟန် ၊လက်တစ်ဖတ်ကိုလည်း ကျစ်ကျစ်ပါအောင် စုပ်ကိုင်လို့ထားသည်။

"မသွားဘူး..."

"မင်းသား...အခုအခါက မင်းသား..ခေါင်းမာနေရမဲ့အချိန်မဟုတ်ပါဘူး..မင်းသားကို အမြန်ပြေးဖို့ မင်းကြီးက မှာကြားထားပါတယ်..မင်းသားမြန်မြန်စဉ်းစားပေးပါ.."

"ငါမင်းသား နောက်တစ်ခါ ထပ်မပြောချင်ဘူး..ယွီဟန် ..."

"မင်းသား..."

ယွီဟန်က အနည်းငယ် အခတ်တွေ့နေရသည် ။

ဒုန်း!!

ယွီဟန်က ကြမ်းပြင်ပေါ်သို့ ဒူးနှစ်ဖတ် ပြစ်ထောက်လိုက်ကာ ငုံ့ကိုင်းလျက်...

"မင်းသား....အမြန်ပြေးပါ...မင်းကြီးက မင်းသားရဲ့ မယ်တော် လုပ်ခဲ့သမျှအကုန်လုံးကို မင်းသားက အပြစ်ရှိစိတ်ဖြစ်နေမှန်းသိတာမို့ မင်းကြီးက ပြေးဖို့ အမိန့်ပေးလိုက်တာပါ..မင်းသား..အချိန်က သိပ်မကျန်တော့ပါဘူး..မဟုတ်ရင် ..မင်းသား..ရှောင်တိုင်းပြည်ကို စစ်သုန်ပန်း အဖြစ်နဲ့သွားရပါလိမ့်မယ်.."

"ယွီဟန်...ငါမပြေးရတဲ့အကြောင်းရင်း သိချင်လား.."

"မင်းသား..ပြောပါ.."

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now