Chapter 17 - ကိုယ်အဆင်မပြေဘူး

Začít od začátku
                                    

ဝှီးလ်ချဲကတံခါးကိုထောက်ကန်ထားပြီး ရွမ်ရှောင်းရှေ့မှာက တောင်ကြီးတစ်တောင်လိုမပြိုပျက်တဲ့ ဖုန့်ကျန်းရှိနေတယ်။ရွမ်ရှောင်း ဘေးကျပ်နံကျပ်အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။

ဖုန့်ကျန်းက ခေါင်းကိုငုံ့ထားပြီး သူ့အကြည့်တွေကရွမ်ရှောင်းဆီမှာပဲ ကျောက်ချနေတယ်။သူ့ညအိပ်ဝတ်စုံက ပြေလျော့နေပြီး ကြံ့ခိုင်တဲ့ရင်အုပ်နဲ့ သန်မာတဲ့ဝမ်းဗိုက်ကြွက်သားတွေကို လှစ်ဟပြထားတယ်။ကျန်းမာသန်စွမ်းတဲ့ ဂျုံရောင်အသားအရည်က အလင်းရောင်အောက်မှာတောက်ပနေတယ်။

ခိုင်ခံ့တောင့်တင်းသော ကြွက်သားများဖြင့်တည်ဆောက်ထားသည့် မြင့်မားသောပုံရိပ်သည် စူးရှသောအကြည့်တို့ကိုပိုင်ဆိုင်ထားပြီး ပြင်းပြသောဖယ်ရိုမုန်းများကို ထုတ်လွှတ်လျှက်ရှိသည်။အနှီလူကို တချက်ကြည့်လိုက်ရုံနဲ့တင် ဖိနှိပ်မှုကို ခံစားရစေသည်။

အနီးတစ်ဝိုက်ပျံ့နှံ့နေသော သစ်ကတိုးနံ့သည် တစ်ခန်းလုံးပြည့်နှက်နေပြီး ရွမ်ရှောင်း၏အာရုံခံစားမှုတိုင်းကို လှုံ့ဆော်ပေးနေသည်။အဆင့်မြင့်ဖယ်ရိုမုန်းနံ့များကြောင့် ရွမ်ရှောင်း၏ခေါင်းကိုက်ခဲလာပြီး မသက်မသာဖြစ်စေကာ ဖော်ပြရခက်သောဖိနှိပ်မှုများကိုခံစားရစေသည်။၄င်းသည် မိတ်လိုက်ရာသီ၏ ထွေပြားစေသောလေထုကို သယ်ဆောင်လာပြီး သူ့ကို လက်အောက်ခံဖြစ်စေရန် အတင်းအကြပ်ဆွဲဆောင်နေသကဲ့သို့ဖြစ်သည်။

ရွမ်ရှောင်းသည် ပြင်းထန်သောလေထုအောက်တွင် ခေါင်းကိုတည်ငြိမ်စွာ အနည်းငယ်မော့ကြည့်လိုက်သည်။သားရဲနှင့်တူသော သူ့ရှေ့ကလူကိုစိုက်ကြည့်ရင်း အကြည့်တွေက‌ေအးစက်နေခဲ့သည်။သူ့မျက်လုံးတွင် မကျေနပ်မှုလှိုင်းလုံးကြီးများ ထင်ဟပ်နေသည်။

နောက်ဆုံးမှာ ဖုန့်ကျန်းကအလျှော့ပေးလိုက်တာကြောင့် အသံတိတ်စစ်ပွဲက ပြီးဆုံးသွားတယ်။သူက ဝှီးလ်ချဲပေါ်က ရွမ်ရှောင်းဆီနီးကပ်သွားပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။လက်ရန်းပေါ်က ရွမ်ရှောင်းလက်ကိုဆွဲယူလိုက်ပြီး သူ့မျက်နှာကိုထိစေကာ သနားကမားအမူအရာနှင့်

Dog Training (mm-translation)Kde žijí příběhy. Začni objevovat