Chapter 11 - လူပိုတစ်ယောက်တိုးလာပြီ

547 67 4
                                    

[Unicode]

ရွမ်ရှောင်းကသူ့မှတ်ဉာဏ်များမှ နာကြည်းမှုများကိုခံစားလိုက်ရသည်။သူကတူကိုချလိုက်ပြီး အလေးအနက်ထားပြောလိုက်သည်။

"ဖုန့်ကျန်း၊ ဒီနှစ်ဆိုငါသုံးဆယ့်လေးနှစ် ရှိပြီ။မှတ်မိသလောက်ဆိုငါမင်းထက် ခြောက်နှစ်ကြီးတယ်။မင်းကစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုမြင့်ပြီး ခွန်အားကြီးတဲ့ Sအဆင့်အယ်လ်ဖာတစ်ယောက်။ မင်းသာအတင်းအကြပ်နေဖို့တောင်းဆိုရင် ငါလည်းတားနိုင်မှာမဟုတ်ဘူး။"

ရွမ်ရှောင်းက သူ့ခြေထောက်တွေကိုဘက်ညိုးထိုးလိုက်ပြီး "မင်းမြင်တဲ့အတိုင်းပဲ၊ မတော်တဆမှုကြောင့် ကျောရိုးဒဏ်ရာရသွားပြီး ငါဘယ်တော့မှပြန်ရပ်နိုင်တော့မှာမဟုတ်ဘူး။ မင်းသာငါ့အနားမှာနေမယ်ဆို ငါ့ဆီကဘာမှရမှာမဟုတ်ဘူး။ ငါ့ကိုပဲတစ်ချိန်လုံးပြန်ဂရုစိုက်နေရမှာ။"

မနေ့ကထိ ဖုန့်ကျန်းကိုနှင်ထုတ်ဖို့တက်ကြွနေပေမယ့် အခုကျတော့တွန့်ဆုတ်နေမိတယ်။

နွေရာသီကျောင်းပိတ်ရက်ကုန်တော့မယ်။စာသင်နှစ်တစ်နှစ်ရဲ့အစဟာ စာအုပ်ဆိုင်အတွက်အလုပ်အများဆုံးအချိန်ပဲ။လက်ထောက်အသစ်သာထပ်မရှာနိုင်ရင် ဖုန့်ကျန်းက သူ့ကိုကူညီဖို့အသင့်တော်ဆုံးလူပဲ။သူကသန်မာတယ်၊ အလုပ်ကြိုးစားတယ်၊ ကောင်းကောင်းလည်းချက်တတ်တယ်။အရေးကြီးဆုံးက သူအတိတ်မေ့နေတဲ့ကာလတစ်လျှောက်လုံး ရွမ်ရှောင်းဆီမှာပဲသူ့ဘဝကို မြှုပ်နှံထားမှာ။

မျက်လုံးနှစ်စုံအကြည့်ချင်းဆုံမိပြီးနောက် ဖုန့်ကျန်း၏ နက်ရှိုင်းသောအကြည့်များကသူ့၏ခိုင်မာ‌သောခံစားချက်များကို ဖော်ပြနေသယောင်။ သူ၏လှပသောနှုတ်ခမ်းပါးများက ပွင့်ဟလာပြီး "ကိုယ်မင်းဆီက ဘာမှမလိုချင်ပါဘူး။မင်းနားမှာပဲနေချင်ရုံပါ။"

ချိုမြိန်သောဝန်ခံချက်တစ်ခုဖြစ်သော်လည်း ယင်းဝန်ခံချက်နှင့်အနှီလူ၏အချစ်ကို တခြားသူတစ်ယောက်ကပိုင်ဆိုင်ကြောင်း ရွမ်ရှောင်းရှင်းလင်းလင်းသိပါသည်

အခုလက်ရှိ ဖုန့်ကျန်းရဲ့အပြုအမူတွေက ရွမ်ရှောင်းကိုကျဆုံးစေပြီး တခြားတစ်ယောက်ကိုအကြွေးတင်နေသလိုခံစားရစေသည်။နှစ်တွေအကြာကြီးဖြတ်သန်းပြီးနောက် အတိတ်ကပဋိပက္ခများကိုလည်း မေ့ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။သို့သော် အနှီလူကရုတ်တရက် ဆန့်ကျင့်ဘက်အပြုအမှုများနှင့် ပေါ်ထွက်လာခဲ့ပြီး သူ့အ‌ပေါ်သည်းသည်းလှုပ်ဂရုစိုက်လာသည်။ဒါက ကံကြမ္မာကစီစဉ်ပေးတဲ့ လျော်ကြေးတစ်ခုလို့ခံစားလာရသည်။

Dog Training (mm-translation)Where stories live. Discover now