[Unicode]
ရွမ်ရှောင်းသည် အနှီကိစ္စ(s*x)များတွင် အဆင်မပြေမှုများကြုံတွေ့ခဲ့ရသဖြင့် လုံးလုံးလျားလျားစွန့်လွှတ်ထားခြင်းဖြစ်သည်။
မျက်လုံးကိုပင့်တင်လိုက်ပြီး အပေါ်ကလူကိုကြည့်လိုက်သည်။သူ့မျက်နှာက တဖြည်းဖြည်းအေးစက်လာပြီး ခက်ထန်သောအသံဖြင့် "ငါ့ကိုအောက်ချပေးပြီး ကိုယ့်အခန်းကိုယ်ပြန်သွားလိုက်တော့ ဖုန့်ကျန်း၊ငါ မင်းကိုနောက်နေတာမဟုတ်ဘူး။"
ဖုန့်ကျန်းသည် ရွမ်ရှောင်း၏မျက်လုံးရှိအေးစက်မှုကိုမြင်လိုက်ရပြီး သူအမှန်တကယ်ဒေါသထွက်နေမှန်းသိသွားသည်။အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း သူ့ရင်ခွင်ထဲရှိလူကို ဒေါသမထွက်စေလိုသဖြင့် လိုက်နာရန်ဆုံးဖြတ်လိုက်သည်။သူသည် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို ကုတင်ပေါ်တင်ပေးလိုက်ပြီး မှိုင်းပျ သောရနံ့အနည်းငယ်ထုတ်လွှတ်ကာ စိတ်ပျက်နေသောအကြည့်တို့ဖြင့် ထွက်သွားခဲ့သည်။
ရွမ်ရှောင်းကို နာခံစွာကုတင်ပေါ်ပြန်ချကာ ထွက်သွားပြီးနောက် ရွမ်ရှောင်းအရင်ကလောက်ဒေါသမထွက်တော့ဘူးဆိုတာ ဖုန့်ကျန်းသတိထားမိသွားတယ်။
Heat ဖြစ်နေတဲ့ အယ်လ်ဖာတစ်ယောက်က သာမန်လူငယ်လေးတစ်ယောက်နဲ့မတူပေ။ဖုန့်ကျန်းက သူ့ကို ရွမ်ကျင်း အမှတ်နဲ့ကောင်းမွန်စွာဆက်ဆံခဲ့ပြီး အချစ်ကြီးတဲ့ချစ်သူပုံစံကိုပြသခဲ့သည်။ဒါကြောင့် heatအစပိုင်းမှာ ကလန်ကဆန်လုပ်ခဲ့သမျှကို သည်းခံခွင့်လွှတ်ပေးနေခဲ့တာဖြစ်သည်။
ဖုန့်ကျန်း သူ့ကို တစ်ခုခုလုပ်လိုက်မှာကို သူမစိုးရိမ်ပါဘူး။သူက ရွမ်ကျင်းလိုအိုမီဂါမဟုတ်ဘူး၊ ဒါ့အပြင် အယ်လ်ဖာတစ်ယောက်။အယ်လ်ဖာအချင်းချင်းက သဘာဝအလျောက်တည့်ကြတာမှ မဟုတ်တာ။သူ့လို မသန်စွန်းအယ်လ်ဖာအိုကြီးတစ်ယောက်ဆီမှာ ဘယ်နားကစိတ်ဝင်စားစရာရှိမှာလဲ။
ဖုန့်ကျန်းလို ဆန္ဒပြင်းပြနေတဲ့သူတောင်မှ သဘာဝကိုဆန့်ကျင်နိုင်မှာမဟုတ်ပါဘူး။
ဒါ့အပြင် ဖုန့်ကျန်းကအချိန်အများစုမှာ ရွမ်ရှောင်းပြောသမျှကို နာခံတတ်တယ်။ တခါတလေ ပြင်းပြင်းထန်ထန်ပြောရင်တောင်မှပေါ့။သူက အရိပ်အကဲလည်းကြည့်တတ်တယ်။ဒီနေ့လည်း ရွမ်ရှောင်းဒေါသထွက်သွားတာမြင်တာနဲ့ ရှေ့ဆက်မတိုးတော့ဘူးလေ။
YOU ARE READING
Dog Training (mm-translation)
FantasyOriginal name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - MiniPickle Total Chapter - 169 Start date - 4.1.2024 (Thu) End date - Crd to original author and e-translator