Chapter 17 - ကိုယ်အဆင်မပြေဘူး

457 49 7
                                    

[Unicode]

ရွမ်ရှောင်းသည် မီးဖိုချောင်သို့သွားကာ ခေါက်ဆွဲနှစ်ပန်းကန်ပြင်ဆင်လိုက်သည်။ပါဝင်ပစ္စည်းများ မမှားကြောင်းအတည်ပြုပြီးနောက် (အရင်တခါလိုစားတဲ့ဆားနဲ့ ပန်းကန်ဆေးတဲ့ဆားမှားမှာစိုးလို့😂) တစ်ပန်းကန်ကိုကိုယ့်ဘာသာစားလိုက်ပြီး ဖုန့်ကျန်းရဲ့အခန်းဘက်ကို ဘီးလှိမ့်ကာသွားလိုက်သည်။

သူက ဖုန့်ကျန်းရဲ့အခန်းတံခါးကို ညင်သာစွာခေါက်လိုက်ပြီး "ဖုန့်ကျန်း ငါခေါက်ဆွဲလုပ်လာတယ်။ မင်းအိပ်ရာကထနိုင်ရင် အပြင်ထွက်လာပြီး အစာနည်းနည်းစားလိုက်ပါ။"

ရွမ်ရှောင်း၏အသံကို အခန်းထဲကလူကြားရသည်မှာ သိသာသည်။ခဏအကြာတွင်ညင်သာသောလှုပ်ရှားမှုအသံများ ထွက်လာပြီး ဖုန့်ကျန်းအိပ်ရာထဲကထွက်လာပုံရသည်။

ဖုန့်ကျန်းသည်အခန်းထဲတွင် တစ်နေ့လုံးနေ့ရောညပါနေခဲ့ပြီး အခန်းထဲမှာ heatကြောင်းဖြစ်လာတဲ့ အယ်လ်ဖာဖယ်ရိုမုန်းတွေဘယ်လောက်သိပ်သည်းနေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင်သိတယ်။အခန်းတံခါးဖွင့်လိုက်တာနဲ့ Sအဆင့် အယ်လ်ဖာဖယ်ရိုမုန်းတွေကအလုံးအရင်းထွက်လာမှာ အသေအချာပဲ။ရွမ်ရှောင်းက Sအဆင့်ထက်နိမ့်တဲ့ A+အယ်လ်ဖာတစ်ယောက်သာဖြစ်တာကြောင့် ဒါကိုတောင့်ခံနိုင်မယ်လို့ယုံကြည်ချက်မရှိဘူး။သူ့ကိုယ်သူအရူးလုပ်မိမှာကို (သူများကိုစေတနာနဲ့လုပ်ပေးတာက ကိုယ့်အတွက်ဘေးဖြစ်စေမှာ) စိုးရိမ်ပြီး ကိုယ့်အခန်းထဲ ပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။

သူ့နောက်က တံခါးဖွင့်သံကိုကြားသောအခါ ရွမ်ရှောင်းကဝှီးလ်ချဲနဲ့အတူ ကိုယ့်အခန်းတံခါးဝကို ရောက်သွားပြီဖြစ်သည်။သူ့လှည့်မကြည့်ခင် သူ့ဝှီးလ်ချဲကိုဆက်မသွားပဲ ရပ်လိုက်တယ်။လှည့်မကြည့်ခင်မှာပဲ သူ့ဝှီးလ်ချဲကအားနဲ့အလှည့်ခံလိုက်ရပြီး ထက်ဝက်ပွင့်နေတဲ့အခန်းတံခါးလည်း ဆောင့်ပိတ်ခံလိုက်ရသည်။

ဖုန့်ကျန်းရဲ့ စူးရှအားပြင်းတဲ့ဖယ်ရိုမုန်းအနံ့တွေက ရွမ်ရှောင်းဆီတည့်တည့်မတ်မတ်ကြီး ဆိုက်ရောက်သွားသည်။သူ့ရဲ့ နဂိုအနက်ရောင်မျက်ဆံက heatကြောင့်ရွှေရောင်ပြောင်းနေပြီး အရိုင်းဆန်ပြီးပြင်းပြတဲ့ အငွေ့အသက်တွေက ပိုသိပ်သည်းလာတယ်။

Dog Training (mm-translation)Unde poveștirile trăiesc. Descoperă acum