16🔥

979 67 28
                                    

လေထုက အသက််ရှုကြပ်တယ်

တိမ်တွေက ဖမ်းရခက်တယ်

မောင့်ကို မချစ်ဖို့ကြိုစားရင်း ငါဟာ အခါခါ သေဆုံးခဲ့လေတယ်. .

>Bloody Lord <

***
________


" ဘယ်နားထိသွားသေးလဲ၊ ခြေထောက် ရော ပြပါအုံး ၊
မင်းက အရမ်း ပေါ့ဆတာပဲ ဂျီမင်းရာ''

စကားနှင့်အတူ နူးညံ့သော အထိအတွေ့ တစ်ခု ခံစားလိုက်ရသည်။ ယင်းဟာ နှလုံးအိမ်ထိ ဝင်ရောက်စီးဆင်းတော့ ဝဲဘက်ရင်အုပ်ဟာ အယောင်ယောင်အမှားမှား။လက်ဖြင့် တစ်ချက်ဖိ ငြိမ်သက်ဖို့
စေခိုင်းချင်သော်ငြား
ဒီနေရာမှာ သူ့လက်တွေက မအားလပ်ခဲ့ဘူး။

ဒါဆို ဘာတွေက သူ့ကို မအားလပ်စေခဲ့တာလဲ?

မအားလပ်ခဲ့သည်ဆိုသည်ထက် ယင်းဟာ စေခိုင်းဖို့မေ့နေသည် - ဟူ၍လည်း ပြောနိုင်သည်။ ဂျီမင်းသည်
ဤအား စေခိုင်းလုပ်ဆောင်ဖို့ စိတ်ကူးရှိကိုမရှိခဲ့​တာလည်း ဖြစ်နိုင်လိမ့်မည်။

မင်းသားဂျောင်ကု ၏ အထက်ပါ စကားသံသည်
ဤနေရာ၌ တိုးညှင်းပျော့ပျောင်းသည်။ နားစည်အတွင်း နူးညံ့မှုဖြင့် တည့်တည့်မတ်မတ် ပြေးဝင်ရိုက်ခတ်သည်။
စိုးရိမ်မှုများ ပျော်ဝင်နေသည့် မျက်လုံးအိမ်ထဲမှ မျက်စံနှစ်ခုသည် သူ့ထံ ခိုကပ်ထားသည်။
၎င်းအား  ဂျီမင်း လျှင်လျှင်မြန်မြန် အဖြေပြု၏။

" ဘယ်မှမထိသွားပါဘူး။ ငါ အဆင်ပြေတယ် ။
အဆင်ပြေတာမို့လို့ မင်းလက် လွှတ်ပေးတော့''

မိမိ ခါးတစ်ဝိုက် အပိုင်စိုးထားသော လက်တစ်စုံသည် နွယ်ကြိုးနှင့်ပင် တူသည်။ သန်သန်မာမာ ရစ်ခွေထားသည်။

ရုန်းကြည့်တယ်။ ထပ်ညှိတယ်။
ထပ်ပြီး ရုန်းပြန်တယ်။
လှလှပပ ချည်မိတယ်။

အချစ်ဟာ ကြိုးတစ်ချောင်းဆို
မောင်.  .မင်းက ကြိုး​ကလေးတစ်ချောင်း။

You've reached the end of published parts.

⏰ Last updated: Apr 26 ⏰

Add this story to your Library to get notified about new parts!

BLOODY  LORD Where stories live. Discover now