10🔥

1.1K 91 58
                                    


" မလာနဲ့ ငါ့ဆီ တိုးမလာနဲ့!!!!''

အသံကုန်အော်ဟစ်နေသော်လည်း အသံသည်ထင်သလောက်
အပြင်သို့ ထွက်မလာနိုင်ပေ။ ဤသည်မှာ အလွန်အမင်း ကြောက်လန့်နေသောကြောင့်ပင်ဖြစ်လေ၏။
သို့ပေသည့်
တဖက်အနေအထားမှ မကြားနိုင်သည့် အသံမျိုးမဟုတ်တာကြောင့် သေချာပေါက် အထို စကားအား ကြားကိုကြားနိုင်လိမ့်မည်။

သို့သော် ဂရုစိုက်ပုံမပေါ်။ ခြေလှမ်းကျဲကြီးများဖြင့်
လှမ်းလာနေလေသည်။ မြင်မကောင်းစွာ ပါးစပ်မှာလည်း
သွေးပရဗွဖြင့် အထိုမြင်ကွင်းဟာ တုန်လှုပ်ဖွယ်ကောင်းသည်။

ဂျီမင်း အလွန်ကြောက်လန့်ကာ နောက်သို့ ဆုတ်သည်။
သည်အခါ ရှေ့က သူ ၊ ပြောရရင် ဂျီမင်းအား အရမ်းချစ်သော မင်းသားဂျောင်ကုက သွေးတွေနီရဲနေသော မျက်လုံးဖြင့် စူးစူးဝါးဝါးကြည့်ကာ တလှမ်းချင်း ပိုမိုတိုးလာလေတော့သည်။

ဂျောင်ကု၏ ပါးစပ်သည် သွေးများညစ်ပေနေသည့်ကြားမှ
​ဖြူဖွေးနေသော အစွယ်နှစ်ချောင်းဟာ လရောင်အောက်
အချွန်တမြမြဖြင့်။

" ဟားဟား! !! မင်း ပြေးနေလို့ ငါ့လက်က လွတ်​မယ်ထင်နေတာလား ''

​မင်းသားဂျောင်ကု၏ နီရဲနေသော မျက်လုံးနှစ်စုံသည် မိုးကြိုးသွားများ ပြေးလွှားနေသည့်နှယ် ဂျီမင်းအား ဝါးမြိုမတက် ကြည့်နေလျက် ပါးစပ်မှဖြင့်လည်း ပြောကာ
အသံနက်ကြီးနှင့် ရီနေသေးသည်။

တချိန်က နူးနူးညံ့ညံ့ ကြည့်တတ်သော အချစ်မျက်ဝန်းများဟာတော့ နှမြောစရာကောင်းစွာ ပျောက်ရှသွားလေတော့သည်။

" ငါ တောင်းပန်ပါတယ် ဂျောင် ~ ငါ့ကို ချမ်းသာပေးပါ
ငါက မင်း အချစ်ဆုံးလူလေ မင်းအရမ်းချစ်တဲ့ ဂျီမင်းလေ
ကျေးဇူးပြုပြီး ဂျောင်~ ငါ့ကို မသတ်ပါနဲ့''

ဂျီမင်း၏ မြစ်ရေပြင်လို မျက်လုံးငယ်သည် အတားအဆီးမရှိ မျက်ရည်များ ဒလဟော စီးဆင်းလာ၍ မျက်လုံးသည် တမဟုန်ချင်း အိုင်ထွန်းသွားလေတော့၏။

" မသေခင် ပြောချင်ရာတွေ လွှတ်ပြောမနေနဲ့ မင်းက ငါ့သားကောင်ပဲ''

ဝှီးးးးး

ဂျီမင်း ခြေအစုံအား ရှိသမျှ ခွန်အား အစွမ်းကုန်ထည့်၍ ပြေးလေ၏။ မျက်ရည်များသည် ပိုးပိုးပေါက်ပေါက် မြေပြင်ပေါ် ထင်ကျန်နေခဲ့လေတော့သည်။

BLOODY  LORD Wo Geschichten leben. Entdecke jetzt