12🔥

826 72 54
                                    


" ဂျီမင်း!!!''

ကြောက်လန့်ကြီးစွာဖြင့် အိပ်ရာမှ ထထိုင်လိုက်သည်။
အခြေအနေကို သုံးသပ်ကြည့်တော့
ဂျောင်ကု အိမ်မက်ဆိုး ထပ်မက်နေတာပင်ဖြစ်၏။

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အုပ်သည်
မောပန်းကြီးစွာ ခုန်လှုပ်နေသည်။

ဘာကြောင့် ဒီ အိမ်မက်ဆိုးကြီးကို နောက်တခါထပ်မက်နေရတာလဲ ၊ ဘာလို့ ဒီအိမ်မက်ကြီးမှလည်း?

ငါမင်းသားရဲ့ ဒီလက်နဲ့ သတ်ပစ်နေတာတဲ့လား
ဖြစ်နိုင်စရာ အကြောင်းမရှိတဲ့ဟာကြီးကို။

စင်စစ် ဂျောင်ကုသည် လွန်စွာ တုန်လှုပ်လှသည်။
ကြောက်ရွံ့ခြင်းများသည် အစိုးမရစွာ လက်နှစ်ဖက်အား
တဇက်ဇက် တုန်ခါစေသည်။

မင်းတို့တွေရော ကိုယ်ချစ်တဲ့သူကို ကိုယ်ပြန်သတ်နေတဲ့
အိမ်မက်ဆိုး မက်ခဲ့ရင် ငါ့လိုပဲ ကြောက်ကြမယ်မလား။
သေချာတာပေါ့ ကြောက်တာရော၊ တုန်လှုပ်နေမှာရော
ဟုတ်တယ်မလား။

ဂျီမင်း ငါလေ ငါအရမ်းကြောက်တယ်။ပြီးတော့ ဝမ်းနည်းတယ်။
မင်းသိတဲ့အတိုင်း ငါက မင်း မြူတစ်မှုန်စာလောက် ထိခိုက်ရင်ကို ကမ္ဘာပျက်နေသူပါ။ အဲ့တာကိုက ငါ မင်းကို ဒုက္ခပေးဖို့ ကြံရွယ်နေတာတဲ့လေ။
ဒါ ဖြစ်စရာအကြောင်းမရှိတဲ့ ကိစ္စကြီးမဟုတ်ဘူးလား။

ငါ့ဘဝကလေ မင်းရှိမှ အဆင်ပြေမှာ ၊ ငါ မင်းနဲ့ ဆံပင်တွေဖြူတဲ့အထိ အတူအတူနေသွားကြရမယ်မလား။

ကျေးဇူးပြု၍ ငါ့အပေါ် ငါဘာပဲဖြစ်နေဖြစ်နေ မင်း ရွံ့မုန်းမသွားဘူးမလား ။ အရှင်းဆုံးပြောရရင် ငါ အရမ်းတုန်လှုပ်မိတယ် ဂျီမင်း။

ငါ့ ဘဝမှာ မင်း နဲ့ အတူ ရှိနေရတဲ့ အိမ်မက်တွေမက်တိုင်း
မနှိုးထချင်လောက်အောင် ပျော်ဖူးတယ်။

ဒါပေမယ့် ငါ ဝန်ခံတာပါ ။

ငါ အိမ်မက်တွေကို မုန်းတတ်ခဲ့ပြီ။
အထူးသဖြင့် မင်းကို သတ်နေတဲ့ အိမ်မက်မျိုးကိုပေါ့။

ကျေးဇူးပြု၍ နောက်တစ်ကြိမ် အိမ်မက်ထဲ ပြန်မလာပါစေနဲ့။
လက်တွေ့ဘဝမှာမဟုတ်တဲ့ အိမ်မက်ထဲမှာတောင်
မင်းနာကျင်နေတာတွေ ငါမလိုလားဘူး ဂျီမင်း။

BLOODY  LORD Where stories live. Discover now