Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Start from the beginning
                                    

Fujiက အခြေစိုက်စခန်းရဲ့ ပုံပန်းသွင်ပြင်ကိုသိပ်ဂရုမစိုက်။ ဆိုလိုသည်မှာ သူ့ရဲ့ဒီဇိုင်းက ခေတ်နောက်ကျနေသည်။ သို့သော်မူရင်းဝတ္ထုကို ဖတ်ထားသည့် ကျိနင်းကတော့ ၎င်းရဲ့အပြင်အဆင်ဟာ သိပ်မကြာသေးခင်ကမှ ဖြစ်ပြီး လုံခြုံရေးပိုင်းကို အတော်လေးအာရုံစိုက်ထားကြောင်း သိသည်။ ထို့အပြင် Fujiကဤနေရာအား နည်းပညာမြင့်လက်နက်များ တပ်ဆင်ရန် ငွေအမြောက်အများသုံးခဲ့ပါသေးသည်။

Ark နှင့် ဟောဝူလင်းတို့ မကြာသေးခင်ကမှ ဖျက်ဆီးလိုက်သော အဆင့်မြင့်လေယာဉ်မှာလည်း ထို့အတူပင်ဖြစ်သည်။

လေယာဉ်ပေါ်မှ အံ့ဩတုန်လှုပ်စွာဆင်းလာသည့် Fujiကိုတွေ့သည့်အခါ ကျိနင်းပူစီဖောင်းလေးများ မှုတ်ထုတ်လိုက်ပြီး စိတ်ထဲမှ အသံတိတ်တောင်းပန်လိုက်ပါသည်။

အနီရောင်ဆံပင်နှင့် အမျိုးသားဟာ လေယာဉ်ပေါ်မှ ဆင်းလာလာချင်း ခေါင်းပေါ်လက်တင်ကာ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပါတော့သည်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုက သိသာစွာပင် လေးလံလှသည်။ ကျိနင်းသူ့အားအပြစ်မတင်နိုင်ပါ။ သူက ဤအလုပ်၌ အမြောက်အများ ရင်းနှီးမြှုပ်နှံကာ အချီကြီးပွတော့မည်ဟု တွက်ထားတာဖြစ်သည်။ အခုတော့ဖြင့် လေလံပွဲမှခိုးယူလာသည့် ပစ္စည်းများမှာ မီးလောင်သွားသည့်အပြင် လေယာဉ်ကိုပါဆုံးရှုံးလိုက်ရသည်။

"Fuji"

Arkကအနီရောင်ဆံပင်နှင့်သူစီသို့ လျှောက်သွားသည့်အခါ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် မော့ကြည့်လာသည်။

"ငါသူ့ကိုမွေးချင်တယ်"

Ark ကရေလှောင်ကန်ထဲမှ ရေသူထီးကို လက်ညိုးထိုးရင်းပြောသည်။

နတ်သား၏စကားကြောင့် Fujiမှာသွေးအန်မတတ်ဖြစ်သွားရသည်။ ဟောဝူလင်းထံမှ ရေသူထီးအားဝယ်ရန် Arkတောင်းဆိုနေကတည်းက မကောင်းသည့်ခံစားချက်ရနေတာဖြစ်သည်။ သို့သော် Ark ကရေသူထီးကိုမွေးချင်နေဆဲဖြစ်ကြောင်း ကြားရသည်မှာ ပြင်းထန်သော ရိုက်ခတ်မှုဖြစ်သည်။

"ရူးသွားပြီလား" သူမယုံကြည်နိုင်စွာဖြင့် အော်ပြောလိုက်သည် "ရေသူထီးတစ်ကောင်မွေးရတာ ဘယ်လောက်ကုန်လဲ မင်းသိလို့လား"

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now