Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး

417 68 0
                                    

သန့်ရှင်းရေးအတွက်တာဝန်ရှိသည့် အိမ်သုံးစက်ရုပ်လေးသည် ကျိနင်းပြုတ်ကျသွားသည့် အသီးလေးကိုကောက်ယူသန့်ရှင်းလိုက်သည်။

၎င်းကကျိနင်းခြေထောက်ကိုခပ်ဖွဖွလာထိတာကြောင့် ငေးမောနေရာမှဆက်ခနဲတုန်သွားသည်။ စခရင်အကြီးကြီးပေါ်၌ ရွှေရောင်ဆံနွယ်များနှင့်ဧကရာဇ်ကိုတွေ့လိုက်ရတာကြောင့် အနည်းငယ်အာရုံလွင့်သွားသည်။ သတိမကပ်ဘဲ လက်မောင်းကို ကိုင်လိုက်မိသည်။

ကမ္ဘာအမျိုးမျိုးမှဇာတ်လိုက်များကို တွေ့ပြီးဖြစ်တာကြောင့် အိုဇာကိုမြင်လိုက်ရတာ သိပ်မအံ့ဩမိပေမဲ့ အိုဇာကကွဲပြားသည်။ သူ့ကိုမြင်လိုက်ရသည့်အခါ အရေပြားကိုရိုက်ခတ်သွားသည့်ကြာပွတ်၊ အိုဇာစီမှအရိုက်ခံခဲ့ရသည့်အကြိမ်အရေအတွက်အနည်းငယ်ကို မြင်ယောင်လာစေသည်။

အိုဇာဟာ 'မော့လင်းဧကရာဇ်' အမည်ရှိ ဝတ္ထုမှဖြစ်သည်။ ၎င်းကမ္ဘာသည်ကျိနင်းအတွက်အခက်ခဲဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိုဇာကအပေါ်ယံ၌လွယ်သယောင်ရှိပေမဲ့ လက်တွေ့မှာတော့ သွေးအေးခက်ထန်သူဖြစ်သည်။ ကျိနင်းတစ်ယောက်သာ သူ့ရဲ့စိတ်ရင်းအမှန်ကိုတွေ့ရှိခဲ့သူဖြစ်ပြီး ကံကောင်းစွာဖြင့် အသက်ရှင်လွတ်မြောက်နိုင်ခဲ့သည်။

အိုဇာ၌တော်ဝင်မျိုးနွယ်မှ အမွေဆက်ခံထားရသည့် ခန္ဓာကိုယ်အား အားနည်းစေသည့် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်များနှင့် သူ၏မြင့်မားလွန်းသောစိတ်စွမ်းအင်ကြောင့် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာရောဂါလည်းရှိသည်။ သူရောဂါထလာတိုင်း ပြင်းထန်စွာဒုက္ခခံစားရသည်။

သာမန်လူတစ်ဦးအတွက်တော့ စိတ်ဝိဥာဥ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါများကြောင့် ရူးသွပ်သွားနိုင်ပေမဲ့ အိုဇာကတော့ ဤညှင်းပန်းနိုပ်စက်မှုကို တောင့်ခံနိုင်ခဲ့သည်။ သူဟာစိတ်ဓာတ်ပြင်းပြသူဖြစ်သည့်အတွက် ရူးသွပ်သွားခြင်းမရှိသလို သတ်သေခြင်းမျိုးလည်းမလုပ်ခဲ့ပါ။ သို့သော် နာကျင်မှုကိုတော့ တစ်ယောက်တည်းသည်းမခံခဲ့ပါ။ ရောဂါထလာသည့်အချိန်တိုင်း ကျိနင်းကိုခေါ်ကာ ကြာပွတ်နှင့်ရိုက်ပြီး သူနဲ့အတူနာကျင်မှုကိုအဖော်ပြုစေသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now