အိုဇာရဲ့အိပ်ခန်းကလွတ်မြောက်လာချိန်၌ ဧကရာဇ်ရဲ့တုန့်ပြန်မှုမည်သို့ရှိသည်ကိုကြည့်ရန် ကျိနင်း၌အချိန်မရခဲ့ပေ။ ကြယ်တွေစုံနေသော စားသောက်ဆိုင်သို့ ပြန်လည်ရောက်ရှိပြီး တံခါးကိုတွန်းပိတ်လိုက်ပြီးချိန်မှာတော့ စိတ်သက်သာရာသက်ပြင်းချလိုက်မိသည်။
ပြန်လှည့်ကြည့်ချိန်မှာတော့ အငြိုးကြီးသောဧကရာဇ်မရှိတော့ဘဲ ဧည့်ခန်းမှတံခါးကိုသာ တွေ့ရတော့သည်။ သို့သော် စစ်ဆေးကြည့်ရန် တံခါးကို ပြန်ဖွင့်ဖို့ ဆန္ဒမရှိပါ။ အိုဇာရဲ့နန်းတော်ထဲကို မတော်တဆပြန်ရောက်သွားပါက သူသေသွားမှာသေချာသည်။
ကုချန်က သူထွက်သွားစဥ်က နေရာအတိုင်းမှာ ထိုင်နေသည်။ အိုဇာရဲ့ဖက်တွယ်မှု၌ အချိန်အကြားကြီးရှိနေပါလျက် ခလုတ်ကိုကြည့်လိုက်ချိန်မှာတော့ အချိန်ငါးမိနစ်သာကုန်သေးကြောင်း တွေ့လိုက်ရသည်။
ကမ္ဘာနှစ်ခုကြားက အချိန်ကွာခြားချက်ကို ကျိနင်းဂရုမစိုက်ပါ။ သူ့ကိုစိတ်ရှုပ်စေတာက အိုဇာကသူ့ရဲ့စိတ်စွမ်းအင်ကို ဘာကြောင့်မသုံးဘဲ လွတ်မြောက်ခွင့်ပေးလိုက်သည်လည်း ဆိုတာပင်။ သူဘယ်တုန်းက အဲ့လောက်ကံကောင်းသွားပါလိမ့်?
အိုဇာမှာသူ့ကိုခြေရာခံနိုင်တဲ့ အခြားနည်းလမ်းတွေရှိနေတာကြောင့် တမင်လွှတ်ပေးလိုက်တာလား? သူလွတ်မြောက်ဖို့ ရုန်းကန်ခဲ့စဥ်က ကြားခဲ့ရသည့်အရာများကို ဝေဝေဝါးဝါး ပြန်တွေးမိသည်။ အိုဇာသူ့ကိုတစ်ခုခု လုပ်လိုက်သေးလား?
ကျိနင်းစိတ်ထဲ စိုးရိမ်မှုတွေပြည့်နေပြီး ချက်ချင်းပင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုလုပ်လိုက်ချင်သည်။ ကံမကောင်းတာက ဒီကမ္ဘာမှာစိတ်စွမ်းအင်လိုမျိုး ထူးခြားသည့်လုပ်ဆောင်နိုင်စွမ်းများ မရှိပေ။
(အနာဂတ် ကူညီနိုင်မလား?)
အနာဂတ်နှင့်သူ၏ဆက်ဆံရေးကပိုမိုနီးစပ်လာပြီး ဆစ်စတမ်တွေကခန္ဓာကိုယ်ကို စကန်ဖတ်နိုင်တာကြောင့် ကျိနင်းအနာဂတ်ကိုအကူအညီတောင်းမိသည်။
ဒါကအနာဂတ်ရဲ့တာဝန်မဟုတ်တာကြောင့် ငြင်းလိုက်လည်းအရှုံးမရှိမပေ။ သို့သော် သဘောတူလိုက်လျှင်တော့ ကျိနင်း အနာဂတ်ကို အကြွေးတင်သွားပြီဖြစ်သည်။
YOU ARE READING
ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူး
FantasyThis is not my work. This is a fan translation. All credit to original author and English translator.