အိုဇာရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်၌ ကျိနင်းလျှာကိုက်ပြီးသတ်သေရန်တွေးမိတော့သည်။
အိုဇာနှင့်သူမပတ်သတ်ချင်ပေမဲ့ အခုချိန်၌သူ့ရဲ့ခန္ဓာကိုယ်က ဧကရာဇ်၏ စိတ်စွမ်းအင်ကြောင့် တောင့်ခဲနေသည်။ စကားပြောဖို့မဆိုနှင့် မျက်တောင်ကိုတောင်မနည်းခတ်နေရသည်။
ကျိနင်းရဲ့ခန္ဓာကိုယ် တောင့်သထက်တောင့်လာခဲ့သည်။ အိုဇာကသူ့ကိုချစ်မိသွားခဲ့မှန်းသိပေမဲ့ မော့လင်းအင်ပါယာ၌ လိင်တူချစ်ခြင်းက ပြစ်မှုမြောက်သည့်အပြင် အိုဇာကလည်းခန့်မှန်းရခက်သည်။ သူ့ရဲအချစ်ကမစစ်မှန်ကြောင်း ရံဖန်ရံခါဖော်ပြတတ်သည်။ ထို့ကြောင့် သူ့အနားမှာနေရတိုင်း ကျိနင်းသူ့ကိုယ်သူမသေမချာဖြစ်မိသည်။
အခုသူ့ရှေ့၌ ကျိနင်းဒူးထောက်နေရင်းတောင် သူဘာတွေးနေလဲဆိုတာ ကျိနင်းခန့်မှန်းမရပေ။ သူ့ရဲ့ကြောက်စရာကောင်းလှတဲ့ စိတ်စွမ်းအင်က ဖောက်ထွင်းမရသည့် စိတ်ပိုင်းဆိုင်ရာခုခံမှုကို ဖန်တီးထားသည်။ စိတ်စွမ်းအင်ဖောက်ပြန်ချိန်၌ အိုဇာရဲ့ခုခံမှုကအားနည်းနေသော်လည်း သူ့ရဲ့အတွေးတွေကတော့ အမြဲဖတ်မရခဲ့ပေ။
သူသေဆုံးပြီးပြန်လည်ရှင်သန်လာတာကိုသာ အိုဇာမြင်ရင်ဘယ်လိုတုန့်ပြန်မည်မသိ...သေချာတာကတော့အတော်လေးကြောက်စရာကောင်းလိမ့်မည်။
ငွေရောင်ဆံပင်နှင့်ဧကရာဇ်ဟာ ဝှီးချဲပေါ်၌ လှပစွာထုလုပ်ထားသော ပန်းပုတစ်ရုပ်ကဲ့သို့ လှုပ်ရှားမှုမရှိဘဲထိုင်နေသည်။ ကျိနင်းကိုစိုက်ကြည့်နေပေမဲ့ မျက်နှာအမူအရာကတော့အပြောင်းမလဲမရှိပေ။
ကျိနင်းသူ့ကြောင့်နှောင့်ယှက်ခံလိုက်ရပေမဲ့ ပြေးပုန်းစရာမရှိတာကြောင့် အေးစက်စက်စူးစမ်းနေမှုကို လက်ခံရုံသာတတ်နိုင်သည်။
အချိန်အတော်ကြာပြီးနောက် အိုဇာကလက်မြှောက်ကာလှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်။ ကျိနင်းရုပ်သေးတစ်ရုပ်လို ချက်ချင်းမတ်တပ်ထရပ်လိုက်ရကာ သူ၏ရှေ့တည့်တည့်၌ရပ်လိုက်ရသည်။
ဖျော့တော့တော့လက်တစ်စုံက သူ့ရဲ့ခါးကိုတင်းကြပ်စွာ ရစ်ပတ်လာသည်။ကျိနင်းရဲ့အံ့ဩနေသည့်အကြည့်အောက်မှာပဲ အိုဇာကဝှီးချဲမှသူ့စီသို့မှီလာကာ ရင်ဘတ်၌သူ၏မျက်နှာကိုမြုပ်နှံထားသည်။ သူ့အားဆုပ်ကိုင်ထားသည်မှာ လွှတ်ပေးလိုက်ရမှာကြောက်နေသည့်ပုံပင်။
![](https://img.wattpad.com/cover/350972093-288-k94837.jpg)
KAMU SEDANG MEMBACA
ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူး
FantasiThis is not my work. This is a fan translation. All credit to original author and English translator.