လည်ပင်းထိ စောင်ကိုလုံအောင်ခြုံပြီး ဘေးတစောင်းလေး အိပ်ပျော်နေတာကြောင့် နှုတ်ခမ်းလေးက စူနေကာ အသည်းယားစရာကောင်းလှသည်။ စေ့ခြေလှမ်းတွေက ကုတင်နားတိုးကပ်သွားပြီး ကုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်ရင်း မ,မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ကာ နဖူးကို တစ်ချက်နမ်းလိုက်မိသည်။ စေ နမ်းလိုက်ပြီးချိန်မှာ မျက်ခုံးလေးကျုံ့သွားကာ လူးလွန့်လာတဲ့ မ,ကြောင့် စေ ပြုံးလိုက်ရင်း မျက်ခုံးလေးကို လက်မလေးဖြင့် ပွတ်သပ်ပေးနေလိုက်သည်။
အိပ်ယာကနေ နိုးနိုးချင်းမှာ ရင်းနှီးနေတဲ့ရနံ့ကို နီးကပ်စွာရလိုက်ဝာာကြောင့် နှောင်းပြုံးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် နှောင်း မျက်ခုံးပေါ်မှာ ပွတ်သပ်ပေးနေတဲ့အထိအတွေ့ကြောင့် မောင်ဆိုတာ သိလိုက်ရရင်း မဖွင့်ချင်သေးတဲ့မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ တစ်စောင်းထိုင်ကာ နှောင်းကို ကြည့်နေတဲ့ မောင့်ကို တွေ့လိုက်ရသည်။
"မောင်"
"ဗျာ"
"ဘယ်အချိန်ရှိပြီလဲ ပြန်ရောက်တာကြာပြီလား"
"ခုပဲပြန်ရောက်တာ မ,ရဲ့… အချိန်က ညနေ၄နာရီခွဲနေပြီ"
"ဟင် ဟုတ်လား… နှောင်းအကြာကြီး အိပ်ပျော်သွားတာပဲ"
စကားပြောရင်း နှောင်းအပျင်းကြောဆန့်လိုက်ကာ ဘေးတစောင်းအနေအထားကနေ ပက်လက်လေးဖြစ်သွားပြန်သည်။ မောင်ကတော့ နှောင်းကို ပြုံးကြည့်နေရင်း ဆံပင်လေးတွေသပ်တင်ပေးကာ
"တီမြိုင်တို့ဆီက ဘယ်အချိန်သွားကြမှာလဲ"
"နှောင်းအိပ်ပျော်ခါနီးဖုန်းဆက်လာတယ်… လင်းက ဒီနေ့ ဂျူတီထွက်တာနည်းနည်းနောက်ကျမှာမို့ ၇နာရီဖြစ်သွားပြီတဲ့"
"ဟုတ်လား အာ့ဆို အချိန်တော့ရပါသေးတယ်… ဒါပေမယ့် မ,က ပြန်တော့ မအိပ်နဲ့တော့နော်… ညနေစောင်းနေပြီဆိုတော့ ဖျားမှာစိုးရတယ်"
"အွန်း… ဒါပေမယ့် မထချင်သေးဘူး"
"ဟုတ်ပါပြီဗျာ"
💕Home Sweet Home💕
Start from the beginning
