ဝရံတာကို ပတ်ကြည့်ပြီးနောက် အပေါ်ထပ်မှာ တစမခန်းတည်းရှိနေတဲ့ မောင့်အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည်။ အပေါ်ထပ်မှာ မောင့်အိပ်ခန်းတစ်ခန်းထဲရှိတာမို့ အခန်းက သာမာန်ထက်ပိုကျယ်ဝန်းလေသည်။ အိပ်ရာကလည်း တွန့်ကြေနေတာမျိုးမရှိဘဲ သန့်ရှင်းနေပြီး အခန်းက နေရောင်ကောင်းစွာရတာကြောင့် ပင်ပန်းနေတဲ့နှောင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်ချင်စိတ်တွေ ပေါက်လာရသည်။
ရေချိုးခန်းလို့ထင်မှတ်ရတဲ့အခန်းကို တံခါးဖွင့်ကြည့်လိုက်တော့ ကျယ်ဝန်းပြီး သန့်ရှင်းတဲ့ရေချိုးခန်းကို မြင်လိုက်ရသည်။ Bathtub တစ်ခု နဲ့ ဘိုထိုင်အိမ်သာ၊ ဘေစင်တွေပါ ထည့်သွင်းထားတာတောင်မှ ရေချိုးခန်းထဲမှာ လူတစ်ယောက် ကျယ်ကျယ်ဝန်းဝန်းထပ်အိပ်လို့ရနိုင်တဲ့ အနေအထားပင်။ ရေချိုးပြီး အနားယူရတာကို ကြိုက်တတ်နှောင်းအတွက်ကတော့ တစ်ခါတည်း ရေချိုးချင်စိတ်ပေါက်လာတာမို့ အောက်ထပ်ကို ပြန်ဆင်းကာ ဧည့်ခန်းမှာထားထားတဲ့ Luggage ကို ဖွင့်လိုက်သည်။
ခရီးသွားရာကနေ ပြန်လာတာမို့ နှောင်းရဲ့အဝတ်အစားတွေထဲမှာမှ ပေါ့ပါးလုံခြုံတဲ့အဝတ်အစားကို ရှာလိုက်သည်။ ခရီးထွက်ရင် ချည်သားအိမ်နေရင်းလေးတွေနဲ့ ဝတ်အိပ်တတ်တဲ့သူမို့ ချည်သား ဘောင်းဘီတိုနဲ့ တီရှပ်ပွလေးတစ်ထည်ကို ယူလိုက်ပြီး ခရီးဆောင်အိတ်ကို ပိတ်ရန်ပြင်ပြီးမှ မောင့်အိမ်မှာဆိုတဲ့အတွေးကြောင့် ပြန်ဖွင့်ကာ အတွင်းဝတ်ပါ တစ်ပါတည်းပြီး အပေါ်ထပ်သို့ ပြန်တက်ကာ ရေချိုးလိုက်တော့သည်။ Bathtub ထဲ ရေစိမ်ချင်ပေမယ့် မောင့်ကိုအားနာတာကြောင့် ရေပန်းဖြင့်သာ ရေကိုချိုးလိုက်ပြီး အဝတ်အစားလဲလိုက်ပြီး ရေမချိုးခင်ဝတ်ထားတဲ့အဝတ်အစားတွေကို သေချာခေါက်လိုပ်ပြီး အောက်ထပ်ပြန်ဆင်းကာ ခရီးဆောင်အိတ်ထဲ ပြန်ထည့်ထားလိုက်သည်။
ထို့နောက် အပေါ်ထပ်ကို ပြန်တက်လာရင်း မောင့်ရဲ့မွေ့ယာကျယ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိရင်း လူကလည်း အရမ်းပင်ပန်းနေတာကြောင့် ကုတင်ပေါ်တက်ကာ အိပ်လိုက်တော့သည်။
💕💕💕💕💕
အိမ်ပြန်ရောက်တာနဲ့ အောက်ထပ်မှာ မ,ကို မျက်လုံးဝေ့ကာရှာကြည့်လိုက်တော့ မတွေ့တာကြောင့် အိမ်တွင်းစီးဖိနပ်ကို စီးလိုက်ရင်း အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။ ဒီနေ့တော့ အိမ်မှာ မ,ရှိတယ်ဆိုတဲ့စိတ်နဲ့ အပြန်လမ်းဟာ စိတ်လှုပ်ရှားစွာဖြင့်။ အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့် အိုရေစစ်လေးတွေ့လိုက်ရသလို ရင်ထဲ အေးမြသွားလေသည်။ စေ့အိပ်ယာထက်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့မိန်းကလေး… စေချစ်မြတ်နိုးရတဲ့မိန်းကလေး။ စေ့အိပ်ယာပေါ်မှာ သက်တောင့်သက်သာ အိပ်နေတဲ့ မ,ကိုကြည့်နေရင်း စေ့ရင်ထဲ အမည်မသိနွေးထွေးမှုလေးတစ်ခု စီးဆင်းသွားသလိုခံစားရသည်။
💕Home Sweet Home💕
Start from the beginning
