"ဟို…ဟို… အခန်းပိုမရှိဘူးလားဟင်… ဟိုဘက်က အိပ်ခန်းတွေ မဟုတ်ဘူးလား… နှောင်းအဲ့အခန်းမှာပဲ နားလိုက်မယ်လေ… မောင့်အခန်းထဲမှာ အိပ်ရမှာဆိုတော့ ဟိုလေ……"
"အောက်ထပ်က နှစ်ခန်းမှာ တစ်ခန်းက မောင်ပန်းချီဆွဲဖို့အခန်းလုပ်ထားတာ မ,ရဲ့… နောက်တစ်ခန်းက ဟိုကပြန်ရောက်ကတည်းက မဖြည်ရသေးတဲ့အထုတ်တွေထည့်ထားပြီး စတိုပုံစံမျိုးလုပ်ထားတာ… လောလောဆယ် အိပ်လို့ရတာဆိုလို့ မောင့်အခန်းပဲရှိတယ်ရယ်"
နှောင်း ခေါင်းမငြိမ့်မချင်း သွားမယ့်ပုံမပေါ်တဲ့မောင့်ကြောင့် နှောင်းစိတ်ထဲကနေ မသိမသာ သက်ပြင်းလေးချလိုက်ရင်း
"အင်းပါ… အဲ့ဒါဆိုလည်း မောင့်အခန်းကို ဒီနေ့ နှောင်းခဏငှားမယ်နော်… သွားစရာရှိတာသွားတော့… နောက်ကျနေတော့မယ်"
"အိုခေ"
ထို့နောက် မောင်က နှောင်းနဖူးကို နမ်းက လှည့်ထွက်သွားပြီးမှ တစ်ခုခုကို သတိရသလို ပြန်လှည့်လာရင်း
"အခန်းကိုတင်မကဘူး ပိုင်ရှင်ကိုလည်း အပိုင်ပေးတယ်နော်"
မျက်စိတစ်ဖက်မှိတ်ကာ ပြောရင်း ထွက်သွားလေသည်။
နှောင်းလည်း မောင်ထွက်သွားတာနဲ့ အောက်ထပ်က အခန်း၂ခန်းကို ဖွင့်ကြည့်လိုက်တော့ မောင်ပြောသလိုပင် ပန်းချီဆွဲဖို့အခန်းပြင်ထားတာကလည်း ပန်းချီကားတွေနဲ့ နေရာပြည့်နေလေသည်။ နောက်တစ်ခန်းကတော့ တကယ့်ကိုစတိုခန်းလို ပစ္စည်းတွေပြည့်ကြပ်နေတာကြောင့် မောင် အပိုပြောနေတာမဟုတ်မှန်း နားလည်သွားသည်။ အောက်ထပ်မှာရှိတဲ့ သန့်စင်ခန်းမှာ ရေချိုးဖို့များပါမလားဆိုပြီး ကြည့်လိုက်တော့ ဘိုထိုင်နဲ့ဘေစင်သာရှိလေသည်။
ထို့ကြောင့် မတတ်သာတဲ့အဆုံး အပေါ်ထပ်ကို တက်ကြည့်လိုက်တော့ အခန်းတစ်ခန်းသာရှိပြီး ဝံရံတာဘက်ကိုထွက်တဲ့ မှန်တံခါးတစ်ချပ်ရယ်သာရှိသည်။ မှန်တံခါးကို တွန်းဖွင့်ကြည့်လိုက်တယ်ဆိုရင်ဘဲ အပင်အနည်းငယ်ကို ပန်းအိုးထဲထည့်စိုက်ထားပြီး စားပွဲတစ်လုံးနဲ့ နှစ်ခုံတွဲကြိမ်ထိုင်ခုံလေးတစ်ခုံ ရှိနေသည်။ ဝရံတာသဘောမျိုးလုပ်ထားပေမယ့် ပတ်ပတ်လည်အပြင် အပေါ်အမိုးကိုပါ မှန်အကြည်တွေဖြင့် ကာရံထားတာကြောင့် မိုးလုံလေလုံတော့ဖြစ်နေသည်။ လေညှင်းခံချင်ရင်တော့ ရှေ့မျက်နှာစာက မှန်ကိုတော့ ဖွင့်လို့ရအောင် စီစဉ်ထားသေးသည်။
💕Home Sweet Home💕
Start from the beginning
