💕💕💕💕💕
"မ,အာ့ဆို အိမ်မှာပဲ နားနားနေနေနေပြီး မောင့်ကိုစောင့်နော်…
အိပ်ချင်တယ်ဆိုရင်လည်း မောင့်အခန်းထဲ ဝင်အိပ်နေလို့ရတယ်"
"ဟင်"
မောင့်ဧည့်ခန်းဆိုဖာမှာ ထိုင်နေရာကနေ လှေကားပေါ်ကဆင်းလာရင်း ပြောလာတဲ့ မောင့်စကားသံကြောင့် နှောင်းမှာ အိပ်ချင်နေတဲ့ မျက်လုံးပင် ကျယ်သွားလေသည်။
"ရတယ် မောင်ရဲ့… မောင် မအားရင် နှောင်းဘာသာပဲ ပြန်လိုက်မယ်လေ… မောင့်အလုပ်ကိစ္စကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ… နှောင်းကို စိတ်ပူမနေနဲ့"
မ,ရဲ့အပြောကို စေ သဘောကျစွာပြုံးလိုက်ရင်း မ,ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး မ,လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ
"မပူလို့ရမလားဗျ… မ,လည်း နားချင်နေပြီ… မောင်ကလည်း ကုမ္ပဏီပြန်သွားရဦးမယ်… ညနေကျရင်လည်း တီမြိုင်တို့ဆီ သွားရမှာပဲကို ဒီမှာပဲ အေးဆေးနားရင်း မောင့်ကိုစောင့်နေနော်… မောင်ကုမ္ပဏီက ပြန်လာတာနဲ့ အိမ်တန်းပြန်လာပြီး မ,ကို လာခေါ်မယ်လေ… အဲ့လိုဆို မောင်လည်း အဆင်ပြေ မ,လည်း အဆင်ပြေတယ်လေ မဟုတ်ဘူးလား"
"မောင်ပြောတဲ့နည်းလမ်းက အဆင်ပြေတယ်ဆိုပေမယ့် နှောင်းအနေနဲ့ကျတော့ အိမ်ရှင်မရှိတဲ့အိမ်မှာ တစ်ယောက်တည်း နေခဲ့ဖို့ကျတော့……"
"အိမ်ရှင်ရှိတယ်လေ"
"ဟင် မောင်က တစ်ယောက်တည်းနေတာ မဟုတ်ဘူးလား"
မီးဖိုးချောင်ဘက် လှမ်းကြည့်နေတဲ့ မ,ကို အသည်းယားလာတာကြောင့် မ,နှုတ်ခမ်းကို ပြွတ်ခနဲ တစ်ချက်နမ်းလိုက်ပြီး
"ဒီမှာလေ ဒီအိမ်ရဲ့အိမ်ရှင်မ"
နှောင်းကို နမ်းကာပြောလာတဲ့ မောင့်စကားကြောင့် စစချင်းတော့ ကြောင်သွားပေမယ့် ဆိုလိုရင်းကို နားလည်သွားချိန်မှာတော့
"မောင်နော်"
"အသည်းယားလို့ပါဗျာ… အပေါ်ထပ်မှာ မောင့်အိပ်ခန်းရှိတယ်… အဲ့မှာတစ်ရေးတမော အိပ်ချင်အိပ်လေနော်… ရေချိုးချင်လည်း ရေချိုးခန်းက အိပ်ခန်းနဲ့တွဲရက်ပဲ… မ,အရမ်းပင်ပန်းနေတာ မောင်သိတယ်… လောလောဆယ်တော့ မောင့်အခန်းမှာပဲ ခဏနားလိုက်လေနော်"
💕Home Sweet Home💕
Start from the beginning
