💕Home Sweet Home💕

Começar do início
                                        

ငါဖုန်းပြန်ဆက်မယ်"

မောင်ဖုန်းပြောတာကို နားထောင်ရတာ အရေးကြီးကိစ္စဖြစ်နိုင်တာမို့ မောင်ဖုန်းချလိုက်တာနဲ့တပြိုင်နက် နှောင်းလည်း သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ မောင်"

"မောင်ချိန်းထားတဲ့ Appointment က ၂နာရီကို ရွေ့သွားလို့… နောက်ပြီး အဲ့မှာသုံးရမယ့် ဖိုင်ကလည်း မောင့်အိမ်မှာ ကျန်နေခဲ့တာ… အစက ဆွေးနွေးမယ့်ထဲ အဲ့ပရောဂျက်မပါတော့ မောင်က မယူခဲ့လိုက်တာလေ… ခုတစ်ခါတည်း ဆွေးနွေးမယ်ဆိုတော့ မောင်က အိမ်မှာသွားပြန်ယူမှဖြစ်မှာ… ကောင်းပြည့်ကို‌ ယူခိုင်းဖို့က ဟိုမှာ ဧည့်သည်ကို သူပဲကြိုရမှာမို့ သူကလည်း လာလို့မရ"

"ဟင် ခုပဲ ၁နာရီထိုးတော့မယ်လေ မောင်ရဲ့… ဘယ်လိုလုပ်မလဲ"

"ရတယ်… ဒီကနေဆို မောင့်အိမ်က ပိုလမ်းသင့်တော့ မောင်အိမ်မှာ ဖိုင်အရင်သွားယူလိုက်မယ်… နောက်ပြီး မ,ကို ပြန်လိုက်ပို့ပေးမယ်… ပြီးရင် ကုမ္ပဏီကို သွားလိုက်မယ်… မောင့်အထင် မှီနိုင်ပါတယ်"

"ဘာကိုမှီပါတယ်လဲ… ကားကို အလောတကြီးမောင်းမှာမျိုး နှောင်းမကြိုက်ပါဘူးနော်… နှောင်း ကိုယ့်ဘာသာ ကားငှါးပြီး ပြန်လိုက်တော့မယ်လေ… မောင့်အလုပ်ကိစ္စသာ မှီအောင် အေးဆေးလုပ်"

"ဟာ… မပြန်ရပါဘူး… တစ်ယောက်တည်းကို မောင် ဘယ်လိုလုပ် စိတ်ချမှာလဲ"

"မောင်ကလည်း…"

"မောင်ကမလည်းနဲ့… အဆင်ပြေအောင် မောင်စီစဉ်မယ်… ဟုတ်ပြီလား"

ခါးပတ်ဖြုတ်ကာ ကားပေါ်ကဆင်းဟန်ပြင်နေတဲ့ မ,ရဲ့လက်ကို ဆွဲကာ စေတားလိုက်ပြီးနောက် ကားကို ထိုနေရာမှ မောင်းထွက်လာခဲ့သည်။ အမှန်တိုင်းပြောရရင် စေ့အိမ်မှာ ဖိုင်သွားယူပြီး ကုမ္ပဏီသွားတာပဲဆိုရင်တော့ အချိန်မှီပါသည်။ သို့ပေမယ့် မ,အိမ်ကို သွားဖို့ဆို လမ်းကြောင်းက ထောက်နေသည့်အပြင် မ,တို့မြို့နယ်ဘက်က ကားကြပ်တော့ ပို၍အချိန်ကုန်လေသည်မှာ အမှန်ပင်။ 

ဒါပေမယ့် မ,ကို တစ်ယောက်တည်း ပြန်ခိုင်းဖို့ကလည်း စိတ်မချပါ။ ကုမ္ပဏီကို လိုက်ခိုင်းရအောင်လည်း မ,က ပင်ပန်းနေတာက သိသာနေတာမို့ နားခိုင်းမှ အဆင်ပြေမှာပင်။ ခုတောင် မ,မျက်ကွင်းတွေ ညိုနေပြီရယ်လေ။ ဟိုမှာ အလုပ်တွေကို တစ်ယောက်တည်း ဒိုင်ခံလုပ်လာခဲ့တော့ မ,ပုံစံက နွမ်းလျနေသည်။ ဘယ်လိုလုပ်ရင်ကောင်းမလဲဟု စဉ်းစားနေရင်း ဖျတ်ခနဲ အတွေးတစ်ခုဝင်လာတာမို့ စေပြုံးလိုက်မိရင်း လီဗာကို အရှိန်တင်ကာ အိမ်ကိုသာ အမြန်ဆုံးမောင်းလာခဲ့လိုက်တော့သည်။ 

💕 Feeling of Love 💕 (Unicode Ver)Onde histórias criam vida. Descubra agora